Extra #2 : Fault

3.6K 525 45
                                    

နိုးနေပြီဖြစ်ပါသည့်တိုင် လွယ်လင့်တကူဖြင့် မပွင့်ချင်ပါသေးသည့် မျက်လုံးများကို ဒီအတိုင်းလေးပဲ ဆက်မှိတ်ထားလိုက်ရင်းဖြင့် ဆောင်းဟန်ဘင်းဟာ သူ့ရှေ့တွင် ငြိမ်ငြိမ်လေး အိပ်စက်နေဆဲ ဖြစ်လေသည့် ‌ကျောပြင်တစ်ခုနားသို့ ပိုပြီးတော့ နီးကပ်အောင် တိုးသွားမိလိုက်သည်။

တစ်ညလုံး ပင်ပန်းထားပါသည့်တိုင် ကျန်းဟောင့်၏ ကျောပြင်ကမူ သူ လိမ်းနေကျ Lotion နံ့လိုမျိုး နို့နှစ်နံ့လေး သင်းနေဆဲ။ ပုံမှန်အတိုင်း သုံးနေကျ အနံ့လေးဖြစ်ပါသည့်တိုင် ကလေးတစ်ယောက်၏ ကိုယ်သင်းနံ့လိုမျိုး ဖြစ်သွားစေသည့် အနံ့မျိုး ဖြစ်ပါသည့်အတွက် ဆောင်းဟန်ဘင်းက ပိုလို့တောင် နှစ်ခြိုက်မိလေ၏။

မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည့်အခါ မြင်လိုက်ရသည်မှာ မနေ့ညတုန်းက သူ့ကြောင့် ထင်ကျန်ရစ်ခဲ့ပါသည့် ပခုံးပေါ်မှ သွားရာများအပြင် လည်တိုင်ကျော့ကျော့ထက်တွင် ထင်းနေပါသည့် အနီရောင်အကွက်များ။ အနည်းငယ်မျှတော့ ကြမ်းတမ်းသွားသလိုမျိုး ဖြစ်နေခဲ့ပါသည့်တိုင် သူ့ကျောပေါ်တွင် ရှိနေသည့် လက်သည်းရာများကလည်း ကျန်းဟောင့်၏ လက်ရာများပင်။

အချင်းချင်း တယုတယဖြင့် ပေးထားကြသည့် ဒဏ်ရာလှလှလေးများပင် မဟုတ်ပါလား။

တွေးမိရင်းဖြင့် ရယ်လိုက်ကာ ဆောင်းဟန်ဘင်းဟာ ကျန်းဟောင့်၏ လည်ကုပ်ပေါ်သို့ ဖိနမ်းမိလိုက်လေ၏။ သူ့အနမ်းကြောင့် ထင်ပါ၏ ၊ ကျန်းဟောင့်၏ ကိုယ်လုံးလေးက ယမ်းလာပြီးနောက် ညည်းသံလေးသဲ့သဲ့နှင့်အတူ ကိုယ်ကို တစ်ဖက်သို့ လှည့်ရင်း သူ့ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။

ထိုကဲ့သို့သော အချိန်မျိုးဆိုလျှင် ကျန်းဟောင့်ဟာ သခင်နားကို ကပ်ပြီးတော့ ချွဲတတ်သည့် ကြောင်လေးတစ်ကောင်နှင့် တူလှလေ၏။ သူကိုယ်တိုင်တောင် မသိလေဘဲ ဟန်ဘင်း၏ ရင်ခွင်ထဲသို့ တိုးဝှေ့ကာ ဝင်လာတတ်ခဲ့ပုံမှာ သူ့ကို ချစ်ပေးဖို့ ၊ အလိုလိုက်ပေးဖို့ ၊ ဂရုစိုက်ပေးဖို့ အသံတိတ်တောင်းဆိုနေသည့်အလား။

အခြားလူများ မမြင်နိုင်ပါသည့် ကျန်းဟောင့်၏ ပုံစံတစ်ခြမ်းဟာ သူ့အတွက်တော့ ချစ်မဝနိုင်စရာ အပြုအမူများပင် ဖြစ်လေပြီး ဘယ်တော့မှလည်း ငြီးငွေ့သွားမည်မထိ။

Starstruck LoveWhere stories live. Discover now