Scene #4 : Scandal

3.7K 589 71
                                    

ရိုက်ကူးရေးစတင်ခဲ့သည်မှာ နှစ်ပတ်လောက်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်လေပြီး အရာအားလုံးဟာ လက်ရှိအထိ ရှောရှောရှူရှူပင်။ ဆောင်းဟန်ဘင်းနှင့် ဆော့မက်သျူးကလည်း အချိတ်အဆက်မိမိ သရုပ်ဆောင်နေခဲ့ပြီး NG အော်ရသည့် ရိုက်ချက်များကလည်း ခပ်ရှားရှား။

သို့သည့်တိုင် ၄င်းဟာ ယနေ့ ရိုက်ရမည့် အခန်းမတိုင်ခင်အထိ ဖြစ်လေ၏။

လက်ရှိ သူတို့ ရိုက်ဖို့အတွက် ပြင်ဆင်နေကြသည့် အခန်းမှာ ဆောဟျွန်းဘင်းက ဟာနူးလ်၏ လက်ကို လှမ်းဆွဲပြီးတော့ ဘာဖြစ်လို့ သူ့ကို ရှောင်နေကြောင်း လှမ်းမေးလိုက်စဥ်တွင် ဟာနူးလ်က အေးတိအေးစက်ဖြင့် ဂရုမစိုက်သလိုမျိုး ပြန်ဖြေရသည့် အခန်းပင်။ လက်ကို လှမ်းဆွဲသည်အထိ ရိုက်ရသည်မှာ အဆင်ပြေနေပါသည့်တိုင် မက်သျူးက ဆောင်းဟန်ဘင်းကို လှမ်းကြည့်သည့် မျက်လုံးများက သူတို့လိုချင်သည့် ပုံစံမျိုး ဆန်မနေဟု ဂျီအွန်းက ကန့်ကွက်သဖြင့် ထိုအခန်းကိုပဲ ထပ်ခါထပ်ခါ ပြန်ရိုက်နေခဲ့ရသည်မှာ ၅ ခါမျှ ရှိခဲ့လေပြီ။

" CUT! "

ဂျီအွန်း၏ အော်သံကို ထပ်ကြားလိုက်ရသည့်အခါ မက်သျူးက အားနာနေသည့် မျက်လုံးများဖြင့် ဆောင်းဟန်ဘင်းထံသို့ လှည့်ကြည့်လာခဲ့၏။ ဟန်ဘင်း၏ သရုပ်ဆောင်က ဟာကွက်မရှိလေဘဲ သူတစ်ယောက်တည်းကပဲ ပြဿနာတက်နေလေသည့်အတွက် ခဏခဏ ပြန်ရိုက်နေရသည် မဟုတ်ပါလား။

ဆောင်းဟန်ဘင်းကမူ မက်သျူးက အားနာနေမှန်း သိလေသည့်အတွက် လက်မောင်းကို ဖွဖွလေး ပုတ်ပြီး အားပေးရှာသည်။

" ဘာမှမဖြစ်ဘူး ၊ ရုပ်ရှင်ရိုက်တယ်ဆိုတာ ဒီလိုပဲ ခဏခဏ ပြန်ရိုက်နေတော့မှ အကောင်းဆုံး ရိုက်ချက်တစ်ခု ထွက်လာမှာ "

အားပေးစကားကို ကြားသည့်အခါ မက်သျူးက သက်ပြင်းအနည်းငယ်မျှ ချပြီး ခေါင်းညိတ်ပြလိုက်ရသည်။ ထို့နောက်တွင်မူ ဂျီအွန်းနှင့် ကျန်းဟောင့်က သူတို့အနားသို့ အသီးသီး ရောက်လာခဲ့လေ၏။ ကျန်းဟောင့်ကမူ ဇာတ်ညွှန်းစာအုပ်ကို အာရုံစိုက်ကာ ကြည့်နေခဲ့ပြီး သူတို့သုံးယောက်လုံးကို ဂရုစိုက်မနေခဲ့။ ဂျီအွန်းဟာ လက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် လေသံကို ဆွဲပြီး သင်ပြလာခဲ့သည်။

Starstruck LoveDonde viven las historias. Descúbrelo ahora