Scene #10 : Starlit Sky

5.1K 732 248
                                    

" CUT "

တွဲဖက်ဒါရိုက်တာထံမှ အချက်ပြသံထွက်လာသည်နှင့် ခပ်တင်းတင်း မျက်နှာထားမျိုး သရုပ်ဆောင်နေသည့် ဆောင်းဟန်ဘင်း၏ မျက်နှာက ချက်ချင်းကို ပြန်ကာ ပြေလျော့သွားလျက်သား။ မျက်နှာထားကို တတ်နိုင်သလောက် ထိန်းပြီး ကောင်းကောင်းသရုပ်ဆောင်သွားသည့် မက်သျူးထံသို့ ချီးကျူးစကား အနည်းငယ်ဆိုလိုက်ပြီးနောက် အားပေးသည့် အနေဖြင့် ခေါင်းကို စက္ကန့်အနည်းငယ်လောက်မျှ ကိုင်ထားပေးလိုက်လေသည့်အခါ မက်သျူးကလည်း ယခင်အတိုင်း ခပ်ပြုံးပြုံး။

ထို့နောက်တွင်မူ နှစ်ယောက်သား ပြန်ပြီးတော့ အကဲခတ်ဖို့အတွက် မော်နီတာနားသို့ နှစ်ယောက်အတူ သွားပြီးတော့ ကြည့်ခဲ့ရလေသည်။ ကျန်းဟောင့်ကမူ မော်နီတာနှင့် မနီးမဝေးနေရာတွင် မျက်မှန်ကို ပင့်လျက် မတ်တပ်ရပ်နေခဲ့ပြီး သူ ကိုယ်တိုင်လည်း မော်နီတာထံသို့ ပြန်ကြည့်နေဆဲ။

ထို့ကြောင့် ဆောင်းဟန်ဘင်းက ခပ်တည်တည်ဖြင့်ပင် ကျန်းဟောင့်၏ ဘေး၌ သွားရပ်လိုက်ပြီးနောက် မော်နီတာကို အာရုံစိုက်ပြီးတော့ ကြည့်နေဟန် ဆောင်လိုက်ရလေ၏။ တကယ်တမ်းကျ ပြန်မကြည့်လျှင်တောင် သူ့သရုပ်ဆောင်မှုက ဟာကွက်မရှိလောက်ကြောင်း သူ သိနေနှင့်ပြီးသားပင်။

" ဒီတစ်ခန်းကတော့ အဆင်ပြေသွားပြီထင်တယ် ၊ မက်သျူးတို့ရော ဘယ်လိုထင်လဲ "

ဂျီအွန်းက စေ့စေ့စပ်စပ် အကဲခတ်ပြီး ပြောလာသည့်အခါ မက်သျူးကလည်း ခေါင်းညိတ်လိုက်ရင်း ပြန်ဖြေလာ၏။

" ဟုတ် ကျွန်တော့်အထင်ကလည်း အဆင်ပြေတယ် ၊ ဟန်ဘင်းဟျောင်းနဲ့ ဟာအိုဟျောင်းကရော "

ထိုစကားကို ကြားသည့်အခါ ဆောင်းဟန်ဘင်းက မျက်ခုံးကို ပင့်ကာ ရယ်လိုက်ပြီးနောက် ကျန်းဟောင့်ထံသို့ လှမ်းကြည့်ကာ မေးလိုက်မိသည်။

" ကျွန်တော်လည်း အဆင်ပြေပါတယ် ၊ ဟာအိုဟျောင်းအမြင်ကရော "

သို့သည့်တိုင် သူ မျှော်လင့်ထားသလိုမျိုးတော့ ဖြစ်မလာခဲ့ဘဲ ကျန်းဟောင့်ဟာ မျက်မှန်ကို ပင့်လိုက်ရင်းဖြင့် ဇာတ်ညွှန်းကို လှန်ကာ ဂျီအွန်း၏ အနားသို့ ကပ်သွားပြီး သူတို့အချင်းချင်းသာ တိုင်ပင်လာခဲ့၏။

Starstruck LoveWhere stories live. Discover now