Scene #2 : Take You Home

4.1K 622 47
                                    

ပထမဆုံး ရိုက်ကူးရေးနေ့ ဖြစ်သည့်အလျောက် တစ်ဖွဲ့လုံး၏ စိတ်ဓာတ်များမှာ အမြင့်ဆုံး ရောက်နေသလိုမျိုး တက်ကြွနေလျက်သား။ ဆောင်းဟန်ဘင်းနှင့် ဆော့မက်သျူးကလည်း ဆံပင်နှင့် မိတ်ကပ်ကို သေချာပြင်ထားပြီးနောက် အကုန်လုံးက ရိုက်ကူးရေးစတင်ဖို့အတွက် အသင့်စောင့်ဆိုင်းနေကြလေပြီ။

ပထမဆုံးအနေဖြင့် ရိုက်ကူးမည့် Scene ကမူ ဆောဟျွန်းဘင်းကို ဟာနူးလ်က ဇာတ်ညွှန်းအကြောင်း သေချာရှင်းပြနေစဥ်၌ ဟာနူးလ်က စိတ်မရှည်တော့သောကြောင့် အခန်းထဲမှ ထပြီးတော့ ထွက်သွားသည့် အခန်းပင်။ ပုံမှန်ဝတ္ထုအရဆိုလျှင် အတော်လေးကို စိတ်မရှည်ပါသည့် ကာရိုက်တာမျိုး ဖြစ်လေသည့်အတွက် ချက်ချင်း အခန်းထဲမှ ထွက်သွားသည့် ပုံစံမျိုး လုပ်ထားပါသည့်တိုင် လက်ရှိ၌မူ ကျန်းဟောင့်က အနည်းငယ်မျှ ပြန်ပြင်ရေးထားသဖြင့် ဖျောင်းဖျပြီးမှ ပြန်ထွက်သွားသည့် ပုံစံမျိုး ဖြစ်သွားရသည်။

" အဲ့ဒီတော့ မက်သျူးက ဒီဘက် စားပွဲခုံမှာ ထိုင်နေရင်းနဲ့ ဟန်ဘင်းကို သေချာကြည့်ပြီးတော့ ပြောရမှာနော် ၊ လေသံက အရမ်းလည်း မာစရာမလိုသလို တအားလည်း ပျော့စရာမလိုဘူး ၊ ပုံမှန် စီးပွားရေးဆန်ဆန် လေသံမျိုးဆိုရပြီ "

ဂျီအွန်းဟာ ရိုက်ကူးရေးမစခင် အကုန်လုံးကို သေချာစေ့စပ်နေအောင် နောက်တစ်ခါ ပြန်စစ်ရင်းဖြင့် မက်သျူးကိုပါ ဘယ်လိုမျိုး သရုပ်ဆောင်သင့်ကြောင်း အသေးစိတ် ပြန်ပြောပြနေခဲ့သည်။ ယခင်နေ့ရက်များတုန်းကလည်း မက်သျူးကို တစ်ရက် ၅ နာရီလောက် သူ့အနားခေါ်ပြီး သင်ပေးထားသည်ကိုတောင် အားမရသေးပုံပေါ်ပါ၏။

မက်သျူးကမူ ဂျီအွန်းပြောသမျှကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလျက်သား။

" အိုခေ အဲ့ဒါဆိုရင် စမယ်နော် "

ရိုက်ကွင်းစတော့မည်ဆိုသည့် အသံထွက်လာသည်နှင့် တစ်နေရာလုံးက တိတ်ဆိတ်သွားခဲ့ပြီး ဂျီအွန်းကလည်း မော်နီတာကြည့်ရမည့် နေရာသို့ ရောက်သွားကာ ကျန်းဟောင့်ကလည်း အေးအေးဆေးဆေးပင် ဘေးတွင် ရပ်နေခဲ့သည်။ " Action! " ဆိုသည့် စကားလုံးအစမှာတင် ပြောင်းလဲသွားသည့် ဆောင်းဟန်ဘင်း၏ မျက်လုံးများကို ကြည့်ရင်းဖြင့် ကျန်းဟောင့်ဟာ နောက်ထပ်တစ်ကြိမ် မှင်သက်မိရပြန်၏။

Starstruck LoveDonde viven las historias. Descúbrelo ahora