ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«2🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎ပင်လယ်ရေပြင်၏တစ်နေရာအား အဆုံးအစမရှိကြည့်နေမိသူအဖို့ အတွေးတို့က ဂယောက်ဂယက်နိုင်လှ၏။
"ထယ်ယောင်း...."
အတွေးတို့လွန်နေသည့်ထယ်ယောင်းက ခေါ်သည်ကိုမကြားချေ။
"ထယ်ယောင်းရေ့"
"အော်...အင်း...ဂျယ်ယူ...ပြောလေ"
မည်မျှအတွေးတို့လွန်နေသည်မသိ အနားသို့ဂျယ်ယူရောက်လာသည်ကိုတောင် ကျွန်ုပ်ကသတိမထားမိနိုင်လောက်အောင်ပင်။
"အော အထွေအထူးမဟုတ်ပါဘူးလေ။အောင်စာရင်းတွေပြီးတော့ ထယ်ယောင်းမျက်နှာမကောင်းသလိုပဲရယ်။ဘာတွေများစိတ်ညစ်စရာရှိနေလဲဟင်...ငါကမင်းရဲ့အခင်ဆုံးသူငယ်ချင်းပါ ...မင်းတစ်ခုခုဆိုတိုင်ပင်လို့ရတယ်နော်သူငယ်ချင်း"
ပတ်ခ်ဂျယ်ယူ၏အပြောကြောင့် ထယ်ယောင်းက အမည်မသိသောအပြုံးမျိုးကိုပြုံး၏။ကျွန်ုပ်ရင်ထဲက ချစ်ဝေဒနာကို ပြောပြပါက လှောင်ရယ်ယုံမှတစ်ပါး၊သနားရုံမှတစ်ပါး ဘယ်သူကနားလည်မည်နည်း။ခံစားဖူးမှသာ ဒီဝေဒနာ၏အတိမ်အနက်ကိုသိနိုင်ပေမည်။
ခါးသက်သက် ကော်ဖီတစ်ခွက်ထက် အချစ်ခါးခါးတစ်စက်က ကျွန်ုပ်အတွက်ပို၍ခါးသက်စေ၏။လေပြင်းပူပူတစ်ချက်ထက် ကျွန်ုပ်ချစ်သောလူသား၏ မျက်စောင်းတစ်ချက်က ကျွန်ုပ်ရင်ထဲဝယ် ပို၍ပူလောင်ရစေ၏။
"အင်း...ခုတလောအလုပ်ပင်ပမ်းနေလို့ပါ"
"အင်းနော်...ထယ်ယောင်းကအရမ်းတော်တာပဲ။တက္ကသိုလ်စတက်ကတည်းက လုပ်ငန်းတွေတာဝန်ယူနေပြီပဲလေ...ဒါတောင် အမြဲ Roll..1 ယူနိုင်ခဲ့တာ တော်လိုက်တာ"
ဂျယ်ယူ၏ချီးကျူးစကားအား ထယ်ယောင်းက ပြုံးကာအသိအမှတ်ပြု၏။အရာရာမှာ ပထမဖြစ်နေသော်ငြား အချစ်ရေးမှာတော့ နောက်ဆုံး...ဟင့်အင်း...မဟုတ်ဘူး...ဘယ်နေရာမှာမှမရှိခဲ့တာ။
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...