ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«12🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎ဧည့်ခန်းထဲတွင် မျက်စိနောက်အောင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော သူမသားအား ကင်မ်နာယွန်း မျက်စိနောက်နေလပြီ။
"ကင်မ်ထယ်ယောင်း...
ဖင်မပါဘူးလား""ဟုတ်ကဲ့...အဲ...မှားလို့ ဟီး"
"ထိုင်နေစမ်း"
ထယ်ယောင်းမှာ အပြင်သွားချင်သည်ကို မာမီ့အားမပြောရဲ၍ ခုလိုလုပ်နေချင်းပင်။
"ဟို မာမီ..."
"ပြော"
မာမီသည် အရင်ကနှင့်မတူ။သူ့အားတင်းကြပ်ပေ၏။ကြောက်လဲကြောက်ရသည်မို့ စကားတို့ကိုအလွယ်တကူမထွက်ရဲ။ကုမ္ပဏီလဲမသွား တော့ဘဲ အိမ်မှာသာစောင့်ကြည့်နေတော့၏။ဒီနေ့ မောင်နှင့်ချိန်းထားသည်မို့ သူအပြင်ကိုထွက်ကိုထွက်ရပေမည်။
"ဟဲ့...ဘာလဲပြောလေ"
"ဟို ဘားမဟုတ်ပါဘူး ဟီး မုန့်စားချင်လို့ပါ"
"စားပေါ့ အိမ်မှာရှိတာပဲ နောက်ဖေးခန်းမှာသွားကြည့် မင်းစားဖို့ချည်းမုန့်တွေထားပေးတယ်"
"ဟုတ်...ဟုတ်ကဲ့"
ထယ်ယောင်းမအူမလည်နှင့်နောက်ဖေးဘက်ရောက်တော့အတွေးတစ်ခုရသွားပေ၏။
"အဟမ်း...မာမီရေ...သားအိပ်တော့မယ် ညနေမှဆင်းလာခဲ့မယ်သိလား၊အိပ်ဆေးသောက်ပြီးအိပ်မလို့ ခုတလောအိပ်ရေးမဝလို့လေ။အာ့တာလာမနှိုးနဲ့နော်မာမီ"
"အမျိုးမျိုး...အိပ် အိပ်"
ထယ်ယောင်းတစ်ယောက်လူယုတ်မာပြုံး,ပြုံးကာ အပေါ်ထပ်အခန်းဆီပြေး၍ ဖုန်းယူကာ အခန်းကိုလော့ချ၍အောက်ထပ်သို့ခြေဖွကာပြန်ဆင်းရ၏။ဇာတ်လမ်းတွဲကြည့်နေသော မာမီမှာတော့ သားဖြစ်သူအားအိပ်နေပြီဟုသာထင်လိုက်လေတော့၏။
*********************
"ဟော...ထယ်ထယ်ယောင်းရာ လွမ်းလိုက်တာ "
မြင်သည်နှင့်ပြေးဖက်ကာ တရှုံ့ရှုံ့နမ်းလေသောချစ်သူ...မကြာခင်ကမျှ ချစ်ခွင့်ပန်ကာ ရည်းစားဖြစ်ခဲ့သောပူပူနွေးနွေးချစ်သူလေး ဂျွန်ဂျောင်ဂုနှင့်ကင်မ်ထယ်ယောင်းပင်။ယခုမှ ရင်ခုန်သံတွေကလတ်ဆတ်သယောင်...။ယခင်က အိမ်တအိမ်ထဲနေပြီး နှိပ်စက်ခဲ့ပါသော သူတို့က ယခုတော့ လားလားမျှမသက်ဆိုင်။
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...