ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«16🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎"ခဏလေးစောင့်ပေးပါနော်...ရှင့်အမျိုးသားက ခွဲစိတ်မှုစုစုပေါင်း 5 နာရီလောက်ကြာပါမယ်"
"ဗျာ...ဘာ...ဘာများအဆင်မပြေလို့လဲ"
သူနာပြုမလေးစကားကြောင့် ဂျောင်ဂုမှာပြာပြာသလဲပင်။
"အခြေအနေကမစိုးရိမ်ရပါဘူး။ကလေးကတစ်ယောက်တည်းမဟုတ်လို့ပါ...ရှင်တို့စိတ်ပူမှာဆိုးလို့ ဒေါက်တာကြီးကလာပြောခိုင်းလို့ပါ"
ထို့နောက်ပြန်ပိတ်သွားသော ခွဲစိတ်ခန်းတံခါးအဆင့်တစ်ဆင့်။ဒါက ခွဲစိတ်ခန်းအသံပိုင်းဆိုင်ရာဆက်သွယ်တဲ့အပိုင်းကသူနာပြုပေ။
ဂျောင်ဂုနှင့်ဂန်ဟူမှာ ခွဲခန်းရှေ့ ခေါက်တုန့်ခေါက်ပြန်လျှောက်နေမိ၏။
"သူဌေးလေးက လုပ်နိုင်မှာပါ သူဌေးဂျွန်စိတ်လျှော့ပါ"
"အင်း..စိတ်ပူရတယ်ဂန်ဟူရယ်"
ဂျောင်ဂုက လက်ကလေးတွေကို ကစားနေကာစိတ်ငြိမ်အောင်လုပ်နေပုံပင်။အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားပြီးနောက် ခွဲစိတ်ခန်းတံခါးဟာ ပွင့်ဟလာတော့၏။
"Congratulations Children's Father.....
You can get Three Twins...
They're not GIRLS"ဆရာဝန့်စကားကြောင့် ဂျောင်ဂုမှာ ထခုန်မိ၏။
"အား...သုံးမွှာပူးလား...ဟား"
"ဂုဏ်ယူပါတယ် သူဌေးဂျွန်...
ခင်ဗျားသားလေးတွေက ချစ်စရာဖြူဖြူဖွေးဖွေးလေးတွေ""အားလုံးပင်ပမ်းသွားကြပြီ...ကျနော့ထယ်ရော"
"ဟော ..ဘေးကင်းပါတယ်။ခုအခန်းဆီပို့ထားပါတယ်နော် အခန်းနံပါတ် 109 ကိုလိုက်ပို့ပါမယ် နောက်ကလိုက်ခဲ့ပါသူဌေးဂျွန်"
ဒေါက်တာကြီးကကိုယ်တိုင် မနားသေးဘဲ အခန်းဆီလိုက်ပို့၏။သူနာပြုတွေလိုက်ပို့လည်းရတာကို..ပင်ပမ်းစေမိပြီ။
ဂျောင်ဂုနှင့်ဂန်ဟူလည်း အပြေးတပိုင်းဖြင့် ထိုအခန်းဆီသို့လိုက်ရလေတော့၏။***************
"လူနာကမေ့ဆေးပြယ်ရင်နိုးလာပါလိမ့်မယ် သူဌေးဂျွန်"
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...