🌨️ᴇᴘɪsᴏᴅᴇ»«10🌨️

491 38 1
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«10🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

ဆိုလ်းမြို့၏ညနက်တိုင်းဟာ အမြဲလိုလိုမိုးသည်းနေတတ်၏။ထယ်ယောင်းလည်း ဆိုဖာပေါ်တွင်အိမ်ကြီးရှင်အားစောင့်နေမိ၏။ခေါက်တုံ့ခေါက်ပြန်လမ်းတို့ကိုလည်းလျှောက်နေ၏။

"အို...မောင်ကလည်းပဲ ဘာလိုညနက်ထိနေတာလဲမသိဘူး၊မိုးကရွာပြီးအေးနေတာကို တစ်နေ့မှအိမ်ပြန်နောက်မကျစဖူး"

ထယ်ယောင်းတစ်ယောက်တည်းရေရွတ်နေမိသော်ငြား ကားသံတစ်စွန်းတစ်စတောင်မကြားရသေး။

ည11နာရီ....
လျှက်စီးများကလင်းလက်လို့နေသည်မို့ ထယ်ယောင်း၏ကိုယ်လုံးလေးဟာတုံတက်သွားတတ်၏။

"ကင်မ်ထယ်ယောင်း"

"ဟော ပြန်လာပြီပေါ့လေ"

ထယ်ယောင်းမြန်မြန်ပင်တံခါးဖွင့်လိုက်တော့ ကိုယ်လုံးပေါ်ပြိုကျလာသောလေးလံမှု။အရက်နံ့တွေကလည်းမွှန်ထွန်လို့။

"အာ...အရက်တွေသောက်လာတာပဲ"

ထယ်ယောင်းလည်းမနိုင်တနိုင်ဖြင့်ကိုယ်လုံးအားသယ်ကာ လှေကားဆီတွဲတက်ရ၏။

"မောင်...ရလား ဆိုဖာမှာပဲအိပ်မလား"

"မင်းအခန်းမှာအိပ်မယ် ကင်မ်ထယ်ယောင်း ဟမ်း...."

"ဘယ်လို...ဒါဆိုငါကဘယ်သွားအိပ်ရမလဲ"

"ကျစ်.. သောက်စကားများလိုက်တာ"

ထယ်ယောင်း၏လက်တွေကိုဖြုတ်ကာ အောက်ဖက်ရှိထယ်ယောင်းအခန်းလေးထဲယိုင်တိုင်တိုင်ဖြင့်သွားလေသူ။ဒါဆိုကျွန်ုပ်ကဆိုဖာပေါ်ပဲအိပ်ရတော့မယ်ပေါ့လေ။ထယ်ယောင်းတစ်ယောက်သက်ပြင်းချကာ တံခါးဖွင့်ပေးရင်း နောက်မှထိန်းပေးလိုက်သည်။

နေရာချပြီးသည်နှင့် ထယ်ယောင်းလည်းခေါင်းအုံးလေးတစ်လုံးဆွဲယူလိုက်၏။

"ထယ်...မောင်နဲ့အိပ်ပါ ဟမ်...နော်...သဲသဲလေး"

ထယ်ယောင်းမှာတော့ အရက်မူးကာပြောနေသူ၏စကားတို့အား မယုံကြည်နိုင်စွာ မျက်ဝန်းပြာပြာတွေကဝိုင်းစက်လျက်ကြည့်နေ၏။

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now