🌨️ᴇᴘɪsᴏᴅᴇ»«18🌨️

316 28 3
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«18🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

ည 11 နာရီ!
ဒါလားလူကြီးလူကောင်းတစ်ယောက်အိမ်ပြန်လာချိန်။ထယ်ယောင်းတစ်ယာက် အိမ်ရှေ့ဧည့်ခန်းတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ပါးစပ်ကလည်းပွစိပွစိပင်။ဘယ်နှဲ့...ကလေးသုံးယောက်နဲ့သူ့ကိုထားခဲ့ပြီး ညဉ့်နက်တာတောင်ပြန်မလာဘူးပေါ့လေ။

တီ! တီ!

ခြံဝန်းထဲမှ ကားဟွန်းသံကျယ်‌ကျယ်ကြောင့် ထယ်ယောင်းမျက်မှောင်တွေ စုကျုံ့ကာ အတန်ငယ်ကြာလေတော့ တံခါးခေါက်လေသူကို တံခါးဖွင့်လိုက်၏။

"တီး တောင်....
ထယ်လေးရေ အချစ်လေးရေ တီးတောင် ...တခါးလေးဖွင့်ပါ"

ထယ်ယောင်းအသံကြားတာနှင့်သိပါ၏။မူးမူးရူးရူးကောင်။

တံခါးကိုဖွင့်လိုက်သည်နှင့် မိမိကိုယ်ပေါ်ပြိုကျလာသည့်ထိုလူအမူးသမား။ဘီယာနံ့တွေကလည်း မှောက်ကျလာလေသလားမှတ်ရသည်။

"ဖယ်စမ်း"

ထယ်ယောင်းထိုကိုယ်လုံးကိုတွန်းဖယ်ကာ ဆိုဖာပေါအရင်ထိုင်လိုက်၏။

"ဒီနားထိုင်စမ်း ဂျွန်ဂျောင်ဂု"

အမူးသမားက တံခါးမှ လေးဖက်ထောက်ကာ မတ်တပ်တောင်မရပ်နိုင်ဆိုဖာအောက်လာထိုင်၏။

ထယ်ယောင်းလည်း နားရွက်ကိုနာနာဆွဲပေးလိုက်ကာ ဆိုဖာပေါ်ထိုင်စေလိုက်၏။

"ဆိုဖာပေါ်တောင်မတက်နိုင်တော့ဘူးဟုတ်သလား ဂျွန်ဂျောင်ဂု ဟမ်...ခွေးတောင်မကြိုက်တဲ့အာ့အရည်ကို မင်းကသောက်လာတယ်ပေါ့လေ"

"အဟမ်း..ဟမ်း...ဒါကတော့ ဒီလိုရှိတယ် ...အဟမ်း"

"ဘယ်လိုလဲပြောစမ်း"

ထယ်ယောင်းက စာအုပ်စဉ်ပေါ်တွင်တင်ထားသော ကြက်မွှေးတောင်အားသွားယူကာ ထိုအမူးသမားပြောမည့်စကားကို ခါးထောက်ကာ ပြန်မထိုင်ဘဲဆိုဖာရှေ့ရပ်နေ၏။

အမူးသမားကတော့ ဆိုဖာပေါ်ခေါင်းမှီပြီးနောက် တဖန်ပြန်မတ်လိုက်ကာ မျက်လုံးများမှိတ်၍စကားကိုဆက်ပြော၏။

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now