🌨️ᴇᴘɪsᴏᴅᴇ»«17🌨️

349 27 3
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«17🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

"ဒါတွေကဘာလဲ ကင်မ်ထယ်ယောင်း"

သူမက ဆေးရုံခန်းထဲဝင်လာခြင်း ကျားတစ်ကောင်လိုမာန်ဖီကာ မေးလာ၏။ထယ်ယောင်းလည်း ခပ်သွက်သွက်ကိုယ်လုံးငယ်ကိုမတ်လိုက်လေ၏။

"မာမီ့...မာမီ့မြေးတွေပါ"

"ဘာ?ကင်မ်ထယ်ယောင်း...မင်းကိုဂျပန်ပို့တာ တိတ်တိတ်ပုန်းပေါင်းဖို့နဲ့ ကလေးမွေးဖို့မဟုတ်ဘူးဟဲ့"

သူမမျက်လုံးတွေကနီရဲနေ၏။

"ယွန်း...ကလေးတွေကိုချုပ်ချယ်‌တာတော်သင့်ပြီကွာ၊ကလေးတွေလည်း အခုအဆင်ပြေပြေရှိနေပြီပဲ ကိုယ်တို့နားလည်ပေးရအောင်၊ဂျွန်ဂျောင်ဂုဆိုတာကလည်း ဒီနှစ်တွေအတွင်း ဘယ်လောက်တောင် သားအပေါ်ကောင်းခဲ့သလဲ"

"အို....ရှင်ဝင်မပါနဲ့ရှင်"

"မပါလို့မရတော့ဘူး ယွန်း...မင်းပဲ သားသားလေးကိုချစ်တယ်ဆို၊ခု...သားသားလေးလည်သူ့မိသားစုဘဝလေးရနေပြီလေ။အခုကိုယ်တို့ သားသားလေးကို လွတ်လပ်ခွင့်ပေးလိုက်ရအောင်။သားသားလေးပင်ပမ်းနေလောက်ပြီ"

သူမကြည့်လိုက်တော့ သားဖြစ်သူမျက်နှာဟာ ပြိုတော့မယ့်မိုး‌လို ငြိုးငယ်ကာ ဇီးရွက်လောက်သာသာရှိတော့၏။အရင်လို မျက်ရည်တွေကလည်းကျနေပြန်ရော။

ဟို‌အရိုင်းအစိုင်းကိုကြည့်တော့လည်း သူမဟုတ်သလို အသနားခံမျက်နှာလေးနှင့်။

‌ဟိုသုံးယောက်ကိုကြည့်မိပြန်တော့ သူမသက်ပြင်းသဲ့သဲ့ခိုးချရ၏။ဒါလေးတွေက သူမမြေးလေးတွေပေါ့လေ။သုံးယောက်ကြီးများတောင်လေ။

"Mrs . Kim ရယ် ကျွန်တော်ထယ့်ကိုလူသိရှင်ကြားလက်ထပ်ယူမှာပါ။ပြီးတော့ ကျွန်တော့အသက်နဲ့ရင်းပြီးထယ့်ကိုစောင့်ရှောက်မှာပါ"

ဂျွန်ဂျောင်ဂုကမခုတ်တတ်သည့်ကြောင်လို လေနုအေးဖြင့်ပြောလေ၏။

"ဒါလားအသက်နဲ့ရင်းပြီးချစ်တာ ဟမ်...ဒီသုံးယောက်ကိုသက်သေထားပြီးလား။ဘယ်နှယ့် ...ကလေးမွေးတာ ဘယ်လောက်အသက်နဲ့လဲရသလဲ ဟမ်"

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now