🌨️ᴇᴘɪsᴏᴅᴇ»«13🌨️

359 31 1
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«13🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

"မောင်"

အဝတ်မဲ့နေသောရင်ခွင်ထဲမှချစ်ရသူက ခပ်လေးလေးစကားဆို၏။ဘာများအဆင်မပြေစရာရှိလို့ပါလိမ့်...ထယ်ထယ်ယောင်းအပေါ်သူအများကြီးလွန်သွားခဲ့တာ။

"အရင်ကမောင်လေ ထယ့်အပေါ်အနိုင်ယူခဲ့သမျှ တောင်းပန်ဖို့အခွင့်အရေးမရှိမှန်းသိပါတယ်"

မျက်လွှာအားချကာ အပြင်ဘက်ကိုကြည့်ကာ မျက်ဝန်းအိမ်မှညိုညိုရောင်လေးတွေပြောင်းကာပြောလာလေသူ။

"ဟင့်အင်း မောင်ရယ်...
ဒါတွေအကုန်လုံးကလေ ငါကသာလိုလိုချင်ချင်နဲ့ပေးဆပ်ခဲ့တာပါ မောင့်အပေါ်တစ်ခါမှ ငါလေစိတ်မကွက်ခဲ့ဖူးဘူး။မောင်...မင်းသိလား....ငါလေမောင့်မျက်ဝန်းဝိုင်းတွေမှာကျရှုံးပြီးကတည်းက မောင်နဲ့ပါတ်သတ်သမျှကိုကြည်ကြည်ဖြူဖြူလက်ခံမယ်လို့ဆုံးဖြတ်ထားပြီးသာပါ။ မောင့်အပြစ်လို့မတွေးပါနဲ့နော်...ခုလိုမောင့်အချစ်တွေရလိုက်တာနဲ့တင် ငါအရမ်းပြည့်စုံလွန်းနေပါပြီ"

"ထယ်ထယ်ယောင်းလေးရယ်...
မောင်တောင်းပန်ပါတယ်ကွာ။ထယ်ထယ်ယောင်းအပေါ်နှစ်တွေအကြာကြီး မရှိသလိုဆက်ဆံခဲ့မိတာ"

"မောင်...မင်းသိလား?
ငါလေ ဂျယ်ယူကိုတကယ်မသတ်ရပါဘူး။ငါလည်းအာ့နေ့ကငါသေသွားရင်သေပါစေ ကယ်မယ်လို့စဉ်းစားခဲ့တာမောင်ရာ့...ဟင့်...ငါလေ..ငါလေ...."

ချစ်သူ၏အသံတို့ကတုန်လို့နေ၏။ငိုရှိုက်သံလေးကလည်း ချက်ချင်းပါလာသလို ရင်ခွင်ထဲမှမျက်ရည်ပူတွေကို ဂျောင်ဂုခံစားမိပါ၏။

"ထယ်ထယ်ယောင်း...မောင့်ကိုကြည့်!
အာ့ဒါတွေပြန်မပြောကြရအောင်...လူတိုင်းမှာအချစ်ဦးဆိုတာရှိတယ်လေ ထယ်ထယ်ယောင်း....
မင်းကတော့ မောင့်ရဲ့အချစ်ဆုံးပဲဆိုတာ မောင်ကျိန်ပြောရဲပါတယ် အချစ်ကလေးရယ်...."

"အရာအားလုံးအတွက် မောင့်ကိုကျေးဇူးတင်ပါတယ်၊တကယ်တော့လေ မောင့်သာငါ့ကိုမုန်းရတာ ပင်ပမ်းလာတဲ့အခါ ငါအပြီးထွက်သွားမယ်စဉ်းစားထားတာမောင်ရာ့....ကျေးဇူးပါ မောင်ကငါ့ကိုချစ်ပေးခဲ့လို့"

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now