🌨️ᴇᴘɪsᴏᴅᴇ»«7🌨️

375 40 8
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«7🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

"ဂန်ဟူ...ပင်ပမ်းသွားစေမိပြီ"

"ရပါတယ် သူဌေးလေး"

အထုတ်တွေကိုကူထုတ်ရင်း ထယ်ယောင်း၏အပြုံးတွေနှင့်စကားအား ဂန်ဟူမခံယူဝံ့ပေ။နေပါဦး...

"ကိုယ်တိုင်ချက်မလို့တော့မဟုတ်ပါဘူးနော် သူဌေးလေး..."

"အင်း...ဟုတ်တယ်လေ။ညကတစ်ညလုံးမအိပ်ဘဲလေ့လာထားတာ ခုတော့အိုကေပြီလေ၊အေးဆေးပါဂန်ဟူရာ ...မင်းတို့သူဌေးလေးက ဒါမျိုးက Minor ပါ ဟဲ..."

ထမင်းစားဆောင်သို့ရောက်အောင် ဂန်ဟူအထုတ်တွေကိုလိုက်ပို့ပေးပြီးနောက် ပြန်ရန်နှုတ်ဆက်ရ၏။

"ဖြစ်ပါ့မလားသူဌေးလေး...ကျနော်ပါဝင်ကူရမလား"

"ရတယ်...ရတယ်...ကိုယ်တိုင်ချက်ကျွေးချင်လို့"

"အာ...ဟုတ်ကဲ့"

"အော်...9နာရီလောက်ကားလေးလာပို့ထားပါဦးနော်ဂန်ဟူ၊နေ့လည်ခင်း ထမင်းလိုက်ပို့ချင်လို့"

"ဟုတ်ကဲ့...ခဏနေချက်ချင်းလာပို့လိုက်မယ်လေ"

"နေ...နေ...ခုနလေးမှ ဂျွန်ဂျောင်ဂုအိပ်တာရယ်...၊တော်ကြာငါတို့ဆူညံ‌နေတာနဲ့ အိပ်ရေးမဝဖြစ်နေမယ်"

"အာ...ဟုတ်ကဲ့၊ဒါဆိုသူဌေးလေးပြောသလို 9 နာရီမှပြန်လာခဲ့လိုက်မယ်နော်"

"အွန်း...အွန်း...သေချာဂရုစိုက်မောင်းဦးဂန်ဟူ"

"ဟုတ်ကဲ့"

ဂန်ဟူက နှုတ်ဆက်ကာပြန်သွား၏။ထယ်ယောင်းလည်းတစ်ယောက်တည်း စားသောက်စရာများပြင်ဆင်ကာအလုပ်ရှုပ်နေတော့၏။ထယ်ယောင်း၏မျက်နှာကအပြုံးပမ်းလေးတွေဝေဆာကာ မနက်ခင်း၏ပန်းလှလေးများလို လတ်ဆတ်လှပေ၏။

ဂျောင်ဂုအိပ်ယာနိုးတော့ မနက် 9 နာရီတောင်ရှိနေလေပြီ။ညကအိပ်ရေးပျက်မှုကြောင့်ရယ်၊ချစ်ရသူအားလွတ်ဆွတ်မှုရယ်ကြောင့် နိုးနိုးချင်ပင်မျက်ရည်ကျမိ၏။

"ကိုကိုအဆင်မပြေဘူးအသက်ရယ်"

မျက်ရည်များကအတိုင်းအဆမဲ့ ကျဆင်းလာကာရင်ဘတ်ထဲလည်းအောင့်လို့နေ၏။ကင်မ်ထယ်ယောင်းအပေါ် သူလုပ်မိနေတာတွေကမှားလားမှန်လား သူနားမလည်တော့။5နှစ်တာသံယောစဉ်များကြား အဘယ်သို့အသက်ငယ်ကို သူမေ့နိုင်မည်နည်း။တကယ်ပဲ ကင်မ်ထယ်ယောင်းသာမသတ်ရင် သူ့လုပ်ရပ်တွေတကယ်မှားပြီလား။တကယ်ဆို ပတ်ခ်ဂျယ်ယူမှာ ရေကူးကျွမ်းကျင်သူတစ်ယောက်ပင်။ဘယ်လိုမှကိုယ်တိုင်ရေနစ်နိုင်မည်မဟုတ်...သူကမ်းခြေမှ CCTV အားကြည့်ချင်ပါသေး၏။

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Tempat cerita menjadi hidup. Temukan sekarang