🌨️ᴇᴘɪsᴏᴅᴇ»«6🌨️

358 38 4
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«6🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

သမက်လုပ်သူ၏ ခပ်ရင့်ရင့်စကားကြောင့် ကင်မ်နာယွန်း၏ဒေါသကိုသေချာလေးချုပ်ထိန်းထားရ၏။ချက်ချင်းပဲ သူမကကိုင်ထားသောသား၏လက်ကိုဖြုတ်ချလိုက်ကာ ချက်ချင်းကားထဲဝင်သွား၏။သူမဒီတစ်သက်ဘယ်တော့မှ ဤအိမ်ကိုလာတော့မည်မဟုတ်။

"သားသားလေး...မာမီတို့ဖုန်းနဲ့ပဲပြောကြရင်း သတိရရင်သားသားလေးကအိမ်ကိုလာတွေ့ပေးနော် ၊ သားသားလေးရဲ့...အင်း...အမျိုးသားကရိုင်းစိုင်းတယ်သားသားလေး"

သူမသားကတော့မျက်နှာလေးညှိုးနေသော်ငြား ပြုံးပြုံးလေးပင်သူမအားလက်ပြနှုတ်ဆက်၏။

"သူဌေးလေး...လိုတာရှိရင်ဖုန်းချက်ချင်းဆက်လိုက်ပါနော်"

"အင်း...ဂန်ဟူ...ဂရုစိုက်မောင်းဦး၊မာမီနဲ့ဒယ်ဒီ့ကိုလည်း ငါ့အစားဂရုစိုက်ပေးဦး"

"စိတ်ချပါသူဌေးလေး...သူဌေးလေးလည်းကောင်းကောင်းနေရစ်ပါ"

သူတို့ကနှုတ်ဆက်ပြီးသည်နှင့်ချက်ချင်းကားစက်နှိုးကာထိုခရမ်းရောင်ခြံထဲမှထွက်ခွာ၏။

ကင်မ်နာယွန်း!
သူမကမာနကြီးသည်။စိတ်ဆတ်သည်။စီးပွားရေးလုပ်ငန်းမှာ ထူးချွန်သောမိန်းမတစ်ယောက်။ယောကျာ်းများနှင့်ရင်ဘောင်တန်းကာအလုပ်,လုပ်နိုင်စွမ်းရှိသူ။ခပ်တည်တည်မျက်နှာထားနှင့် သူမကသူမကိုယ်သူမယုံကြည်မှုအပြည့်ရှိသူပင်။မျိုးရိုးမြင့်ထဲကပေမို့ သူမကအရာရာမှာ ပထမသာဗိုလ်ဆွဲချင်၏။သူမလုပ်သောလုပ်ငန်းတိုင်းဟာလည်း အောင်မြင်မှုပေါင်းများစွာရရှိစမြဲပင်။

တစ်ဦးတည်းသောသားဖြစ်သူကင်မ်ထယ်ယောင်း‌အားမွေးကတည်းက အခြားဂုဏ်သရေရှိမိန်းမများလိုနို့ဗူးတိုက်၍မွေးထားသည်မဟုတ်။သူမကိုယ်တိုင်နို့ချိုတိုက်ကျွေးကာ သူမသား၏အဝတ်တစ်ထည်ကအစ သူမခင်ပွန်းကတာဝန်ယူလျှော်ဖွတ်ပေးသည်။သူမသားနှင့်ပါတ်သတ်သမျှ သူမတို့လင်မယားနှစ်ယောက်သာတာဝန်ယူ၏။မည်မျှပင်အလုပ်များစေဦးတော့ သူမတို့ကသားဖြစ်သူအတွက်ဆို အချိန်ပေးဖို့ဝန်မလေးသူများပင်။အခိုင်းအစေတွေပေါများသော်ငြား သူမနှင့်သူမခင်ပွန်းကတော့ သားဖြစ်သူ၏တာဝန်အားလုံးအားကိုယ်တိုင်သာလုပ်ပေးတတ်၏။သူမသားသည်လည်း သူမတို့ပြောစရာပင်မလို...ကျောင်းစာဆိုလည်း ပထမ...စီပွားရေးလည်းပထမ...စည်းကမ်းကြီးမှု၊အနေအထိုင်အေးမှု၊အပေါင်းအသင်းအားလုံး သူမတို့ပြောစရာပင်မလို လိမ်မာလှ၏။သူမသားစားချင်သမျှအား သူမအိမ်တွင်မရှိလျှင် သူမခင်ပွန်းကိုယ်တိုင်သားဖြစ်သူအားအစားအစာလုပ်ပေးလေ့ရှိ၏။သူမသားအား သူမတို့ပိုးမွေးသလို တယုတယ လိုလေသေးမရှိထားပေးခဲ့ခြင်းပင်။

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now