ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«14🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎"မာမီ"
တစ်ဖက်သို့လှည့်သွားသောသူမ...
"မင်း လုပ်ချင်ရာကိုလုပ်ပါကင်မ်ထယ်ယောင်း မာမီဘာမှမပြောချင်တော့ဘူး မာမီ...မာမီမင်းကိုစကားပြောချင်စိတ်လဲမရှိဘူး"
"မာမီရယ်"
ထယ်ယောင်းမျက်ရည်ပူတွေစီးကျနေမိ၏။သူမသည်လည်းထိုသို့ပင်။
သူမသားအားသူမစိတ်ပူပါ၏။သူမသားသည်မွေးရာပါသားအိမ်ပါသူမို့ မကောင်းတဲ့သူရဲ့သွေးသားကိုတော့အရောယှက်မခံနိုင်သလို အရိုင်းအစိုင်းရဲ့သွေးသားလဲသူမလက်မခံနိုင်ပါ။သူမကိုယ်တိုင်လူကြီးမှန်းမသိ ပြောရက်နိုင်သောထိုကောင်လေးအားသူမသဘောမကျပါ။မျက်စိရှေ့တွင် ရင်ဝယ်သားအားနှိပ်စက်ခြင်းကိုမြင်တွေ့ရသောသူမအဖို့ အဘယ်သို့နှစ်လိုဖွယ်ရာရှိမည်နည်း။သားဖြစ်သူက သူမ၏ရင်တွင်းကိုနားလည်ပေးနိုင်ရင်တကယ်ကောင်းမည်။
"မာမီ...သားမာမီပြောသလို ဂျပန်ကိုသွားပါမယ် မာမီ။သားလေ...မာမီ့ကိုသိပ်ချစ်တာ...မာမီစိတ်ချမ်းသာရစေပါမယ် ရှေ့လျှောက်"
သူမမျက်လုံးတွေကလင်းလက်သွား၏။သူမသားကတကယ်ပဲ သူမခံစားချက်ကိုနားလည်ပေးခဲ့သည်လား။သို့သော် သူမဘာစကားမှပြန်မပြောမိ...မှေးသာနေမိ၏။
ထယ်ယောင်းလည်းမျက်ရည်များကိုတချက်သုတ်ကာ ...
"မာမီနားတော့နော်...သားလေ မာမီစားဖို့တစ်ခုခုပြင်ပေးထားမင်နော် ခဏနေသားလာပို့ပါမယ်"
ထယ်ယောင်းကမိခင်ဖြစ်သူအား စောင်လေးကိုသေချာဆွဲတင်ပေးလိုက်ကာ အခန်းထဲမှငြင်သာစွာထွက်သွားလေ၏။အခန်းပြင်ရောက်တော့ ချစ်သောဒယ်ဒီကရုံးဆင်းလေပြီ။
"ဒယ်ဒီ...ပြန်လာပြီလား"
"အွန်း...သားသားလေး!
မာမီသက်သာရဲ့လား""ဟင်း....အားလုံးသားကြောင့်ပါ ဒယ်ဒီရာ၊တကယ်မသိခဲ့ဘူး ဒီနှစ်တွေအတွင်းမာမီအများကြီး သားအကြောင်းသိနေခဲ့တာ"
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...