🌨️ᴇᴘɪsᴏᴅᴇ»«9🌨️

423 37 2
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«9🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎
အမြဲတမ်း ချစ်တဲ့စိတ်ကြောင့် သည်းခံပေးနေတာဟာ စျေးပေါနေလို့မဟုတ်ဘူးဆိုတာ ခင်ဗျားသိသင့်တယ်ရယ်....

"မောင်..."

"ထွီ...နားခါးတယ်"

"မင်းရိုက်ချင်သလိုရိုက်လို့ရတယ် ငါကတော့မောင်လို့ပဲခေါ်နေမှာ ဟဲ...ဟဲ..."

ခုတလောကင်မ်ထယ်ယောင်းတစ်ယောက်ဘာဖြစ်နေလည်းမသိ....အနားကပ်ကာရိုက်မှာလဲမကြောက် အတင်းကပ်ကာ စကားလည်းများလာ၏။သိပ်စိတ်ပျက်ဖို့ကောင်း၏။ရိုက်လည်းခံတစ်နှစ်အတွင်းနှိပ်စက်မှုကမနည်းမနောကို ကင်မ်ထယ်ယောင်းဦးနှောက်များအခန်းလွတ်သွားတာလား။

"ကင်မ်ထယ်ယောင်း...သောက်ရှက်မရှိငါ့နားကပ်မနေနဲ့"

ထယ်ယောင်းက ချက်ချင်းပဲ ထကာမီးဖိုခန်းဘက်သွား၏။နားအေးသွားရ၏။မကြာပါ...

"ရော့...ဖျော်ရည် ...မောင်ခုတလောပင်ပမ်းနေတယ်မလား"

ခွမ်း!

"မသောက်ဘူး! မင်းခုထိလူလိုမသိဘူးလား"

ယခုထိမောင်က ကျွန်ုပ်လုပ်ပေးသမျှလက်မခံဖြစ်နေတုန်းပင်။ထပ်၍ဖျော်လာမိပြန်၏။

"သောက်ကြည့်ပါ...ဆေးမထည့်ထားပါဘူး၊ငါ...ငါတခေါက်လာက်ပဲဖြစ်ဖြစ်မင်းကိုငါချက်ကျွေးချင်မိလို့ပါ၊ငါဘယ်လိုလုပ်ပေးရင် မင်းဒီအစားအစာတွေစားမှာလဲဟင်"

"အဟတ်....ရတယ်လေ၊ငါမင်းကိုခိုင်းမယ် ဘယ်လိုလဲ"

"ကြိုက်သလောက်ခိုင်း...ရတယ် ငါအကုန်လုပ်မယ်"

"ဟား...ဟုတ်ပြီ...ဟုတ်ပြီ....၊မင်းကဒီတစ်ညလုံး မင်းရဲ့ပန်းခင်းတွေကြားမှာဒူးထောက်နေ ပြီးတော့ မနက်ဖန်ညနေအထိ"

"အင်း...ဒါဆိုရတယ် ၊ဒါပြီးရင် မောင်က ငါချက်ကျွေးတာ တစ်သက်လုံးစားရမယ် အိုခေ"

"အိုခေ ကြိုက်ပြီ မင်းလုပ်လိုက်လေ၊ဟေး...ရေဗူးပါယူသွားနော် လာမတိုက်နိုင်ဘူး"

ထယ်ယောင်းက လက်ကလေးထောင်ပြကာ ရေခဲရေဗူး ၅ဗူးလောက်ကိုယူသွား၏။စတော်ဘယ်ရီသီးလေးတွေကတော့ အားဆေးပေါ့။

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now