🌨️ᴇᴘɪsᴏᴅᴇ»«19🌨️

717 37 8
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«19🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

ရုံးခန်းထဲဝင်လာသော သူဌေးအားကြည့်ကာအားလုံးကအံ့အားသင့်နေကြ၏။အခုကအစည်းအဝေးပွဲမို့ တခြား Korea အခြေစိုက်ကုမ္ပဏီတွေရော၊ဂျပန်ကုမ္ပဏီတွေရောပါလာမည့်အစည်းအဝေးပင်မဟုတ်ပါလား။

ဂျွန်ဂျောင်ဂုသည် မျက်နှာကြီးရှုံ့မဲ့ကာ အစည်းအဝေးခန်းဆီလိုက်သွား၏။

"အဟမ်း"

"ဟယ်..."

သုဌေးအားလုံးကတအံ့တဩပင်။ထိုအခါ အားလုံးထဲမှ အကြီးအကဲက ...

"အာ သူဌေးဂျွန်ဂျောင်ဂုကို အိမ်ကယောကျာ်း Lessons ပေးလိုက်တာလား"

ဂျောင်ဂုကိုယ်လုံးလေးမတ်သွားကာ သူ၏အစည်းအဝေးထိုင်ခုံထိပ်တွင် မတ်တပ်ရပ်ရင်း...

"ဘယ်ကသာ...ဂျွန်ဂျောင်ဂုဆိုတာ ယောကျာ်းကြောက်တဲ့အမျိုးမှမဟုတ်တာ...အိမ်ကယောက်ကျာ်းက ကိုယ့်လက်အောက်မှာ ပြားပြားဝတ်လို့...သိတယ်မလား၊အိမ်ထောင်ဦးစီးဆိုတာ အာ့လိုရှိတယ်ဗျ...ဘာမှအိမ်ကလူကိုကြောက်စရာမလိုဘူး...ဒီနဖူးကပါတ်တီးကဗျာ...မနေ့က Bar ကိုသွားစစ်ရင်းနဲ့အမြင်မတော်တာတွေ့လို့ Lessons ပါးပါးလေးပေးခဲ့တာ။၁၀ယာက်လောက်ဆို ဂျွန်ဂျောင်ဂုတို့ကအေးဆေးပါပဲ ခုက ၂၀ တောင်ဆိုတော့ဗျာ နည်းနည်းပါပါးထိခိုက်သွားတာပါ။အိမ်ကလူနဲ့လုံးဝမဆိုင်ဘူး ဟဲ..."

လက်တစ်ဖက်က ပတ်တီးတွေနှင့်လည်ပင်းကိုသိုင်းထားကာ ၊နဖူး‌တွင်လည်း အနာကပ်ပလာစတာရယ်၊ခေါင်းတွင်ပတ်တီးရယ် နှင့် သူဌေးဂျွန်ဂျောင်ဂုက ရယ်စရာပင်ဖြစ်နေ၏။

ထို့နောက်အစည်းအဝေးကိုသေချာပြုလုပ်ပြီးနောက် နှုတ်ဆက်ရန်ရောက်လေတော့ ဂျောင်ဂုကအရင်စကားစ၏။

"နေပါဦး ...ခင်ဗျားတို့ရော အိမ်ကလူကိုကြောက်ရလား။လုံးဝမကြောက်နဲ့နော် ရာဇဝင်ရိုင်းတယ်ဗျ"

"ဟားဗျာ...ကျုပ်တို့လဲ အိမ်ကဟာတွေကိုနိုင်တယ်ဗျ...ကျုပ်တို့ဒါဆိုဒါပဲလေ"

"ကောင်းတယ် ကောင်းတယ်"

Ring! Ring!

"ခဏလေးနော် ဖုန်းလာနေလို့"

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now