ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«14🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎ဆိုလ်းမြို့၏ညနေခင်းသည်လည်းထူးထူးခြားခြားကိုလှပနေပေ၏။ညနေခင်း မြစ်ကမ်းဘေးလမ်းလျှောက်သူများကလည်း ပြုံးပျော်ကြည်နူးစွာပင်။
"ထယ်"
ကျနော်ခေါ်လိုက်တော့ ကြည့်လာသောမျက်လုံးပြာများ။ထိုအမျိုးသားလေးကမျက်လုံးပြာပြာလေးတွေပိုင်ရှင်လား။
"မောင်ကတော့လေ ငါ့ကိုအမျိုးမျိုးခေါ်နေတော့တာပဲ"
"အင်း ...မောင့်ပါးစပ်ကနာမ်စားတိုင်းက ထယ်ထယ်ယောင်းအတွက်"
"ဟော ကြည့်...ထယ်ထယ်ယောင်းတဲ့၊ခုနကထယ်ဆို ခ်ခ်"
သဘောတကျရယ်နေပုံလေးကလည်းထိုအမျိုးသား၏အားသာချပ်ပေလား။ဘာ့ကြောင့်ယခင်က ထိုကောင်လေးကိုသဘောမကျခဲ့မိ၊သေချာမကြည့်ခဲ့မိပါသလဲ။ထိုကောင်လေး၏ အမြဲပဲ Straight တစ်ယောက်လိုကိုယ်နေဟန်ထား၊အမူအရာ၊စိတ်ဓာတ်ကြောင့်ပေလား။ကိုယ်တိုင်က ယောကျာ်းသားနှစ်ယောက်ကမွေးခဲ့သည့်ကျနော်က ကြီးလာတော့တကယ်ပင် ယောကျာ်းလေးပဲစိတ်ဝင်စား၏။
ကင်မ်ထယ်ယောင်းဆိုသည့်ကောင်လေးကတော့ထူးခြားသည်။
စာကြိုးစားကာ အနေအေးသည်။စကားကိုလည်းလိုသည်ထက်ပိုမပြော။အများအမြင်မှာ အချေကြီးသောစံပြကျောင်းသား။ထိုအတွက်တွေကြောင့်ပဲ ကင်မ်ထယ်ယောင်းကိုကျနော်မမြင်မိခဲ့တာနေမှာ။ Straight တစ်ယောက်ကိုဂေးအောင်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိူင်လို့လက်လျော့ကာ သူ၏သူငယ်ချင်းလုပ်သူကိုသာ ကျနော်ကကြိုက်ခဲ့သည်။ကင်မ်ထယ်ယောင်းက ချစ်ကြောင်းဝန်ခံလေတော့ တကယ်ပင်ရှော့ရသွားခဲ့တာ။ပိုင်ရှင်ရှိယောကျာ်းတစ်ယောက်အနေနဲ့ ကင်မ်ထယ်ယောင်းကို ဘယ်အချိန်ကစကြိုက်ခဲ့တယ်ပြောပြော ကျနော်ငြင်းခဲ့မိတာ။ကျနော်ကတာဝန်ကျေတဲ့ယောကျာ်းပဲဖြစ်ချင်ခဲ့တာ။ယခုတော့ကျနော်တို့နှစ်ယောက်အချစ်က အခက်အခဲတွေကြားကထပ်တူကျခဲ့လေပြီ။ပတ်ခ်ဂျယ်ယူကိုအားနာပေမယ့် ကျနော်ကင်မ်ထယ်ယောင်းကို သိပ်ချစ်ပါသည်။
YOU ARE READING
𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]
Romanceғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...🌧️ᑌᑎIᑕOᗪᗴ ᐯᗴᖇ🍂 နောက်ကျမှသိလိုက်ရတာက... အချစ်အတွက်ဘယ်လောက်ပဲပေးဆပ်နေပါစေ... တစ်ဖက်သားက ငါ့လို မောင် ခံစားချင်မှခံစားနိုင်တယ်ဆိုတာပဲ။ အချိန်တော်တော်များများဟာ နက်နက်ရှိုင်းရှိုင်းကိုချစ်လေ အချင်းချင်းကိုဆီးတားဘောင်ခတ်ထားလေပါပဲ။ သံသရာ...