🌨️ᴇᴘɪsᴏᴅᴇ»«8🌨️

368 39 2
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ᴇᴘɪsᴏᴅᴇ»«8🌨️
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

ဂျွန်ဘိုရာတစ်ယောက် မနက်စောစောနိုးလာရ၏။အကြောင်းကတော့ မနေ့ကယောကျာ်းဖြစ်သူကသူ့အားစိတ်ဆိုးသွားခြင်းအကြောင်းကြောင့်ပင်။ညကလည်းတော်တော်နှင့်အိပ်မပျော်ခဲ့။သားဖြစ်သူအားနိုးရန် ဂျွန်ဘိုရာဘေးအခန်းကိုရောက်လာခဲ့၏။

"သားဂျွန်ရေ...သားဂျွန်"

"အာ...ဖေဖေလေး"

"ဟယ် နိုးနေတာလား"

"ဟုတ်တယ်ဖေဖေလေး သားကုမ္ပဏီသွားရမယ်လေဖေဖေလေးရာ့"

"အယ် ဟုတ်သား၊ဖေဖေလေးကျန်ခဲ့ဦးမယ် မင်းဒယ်ဒီပြန်ချော့မှပြန်မယ်"

"ဒယ်ဒီတကယ်စိတ်ဆိုးသွားတာထင်တယ် ဖေဖေလေး"

"အို...ဆိုးလည်းဆိုးပေါ့ ဖေဖေလေးပြောတာဘာမှားနေလို့လဲ အလကားလူသတ်သမားကိုအားပေးအားမြှောက်လုပ်နေတာ"

ဂျောင်ဂုဘာမှပြန်မပြောမိ။စဉ်းစားလို့လည်းမရ။ဂျောင်ဂုယခုမှသတိရသွားတာက ကင်မ်ထယ်ယောင်း။ချက်ချင်းပဲ ပြတင်းပေါက်ကိုဖွင့်ကာ အိမ်အောက်နောက်ဖေးခြံကိုကြည့်မိတော့ တကယ်ပဲအကုန်လုပ်ခဲ့တာလား။

"အို့ God!"

ဒီအသံက ဂျွန်ဘိုရာထံမှပင်။

"အာ့ကောင်လေးကသူဌေးသားမလားသားဂျွန်၊ဘယ်လိုလုပ်ဒီအလုပ်ကြမ်းတွေလုပ်နိုင်ရတာလဲ ၊ပြီးတော့အသက်ကလည်းငယ်သေးကြတယ်မလား"

"အွန်း...သူကစာတော်တယ်၊တစ်ခုခုဆိုတတ်မြောက်လွယ်တယ်...မခံချင်စိတ်လဲရှိတာတွေ့ခဲ့ဖူးတယ်"

ဂျောင်ဂုယခင်ကသူငယ်ချင်းအဖြစ်ကိုပြန်သတိရမိတော့ ကင်မ်ထယ်‌ယောင်းက လူရိုးလူအေးတစ်ယောက်။

ဂျွန်ဘိုရာ စိတ်တိုသွားမိသည်။ဒီကောင်လေးကဘာလို့နှိပ်စက်တာတောင်အပြုံးမပျက်ဘဲ လုပ်နိုင်ရတာလဲ။အေးပေါ့..လူတစ်ယောက်လုံးသတ်ပြီးတောင် အေးအေးဆေးဆေးသူများရည်းစားမျက်နှာပြောင်တိုက်လုနိုင်သေးတာပဲ။

"သွားတော့မယ် ဖေဖေလေး၊စားစရာကတော့ ဖေဖေလေးမှာစားနော်"

"အေးပါ မပူပါနဲ့၊ခုတော့ ကော်ဖီသောက်သွားဦး ဖေဖေလေးဖျော်ပေးမယ်"

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Where stories live. Discover now