🌧️Introduction 🌧️

1.3K 53 7
                                    

ғᴏʀɢᴇᴛ ᴍᴇ ɴᴏᴛ...
ɪɴᴛʀᴏᴅᴜᴄᴛɪᴏɴ...💛
[ᴜɴɪᴄᴏᴅᴇ ]
☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎☯︎

"ကင်မ်ထယ်ယောင်း"

ဒေါသသံကြောင့် ထိုယောကျာ်း၏အသံက မာကြောခက်ထန်နေပေ၏။

"ကင်မ်ထယ်ယောင်း ငါခေါ်နေတာ နားကန်းနေလား ဟမ်"

"မဟုတ်...မဟုတ်ပါဘူး "

ထယ်ယောင်းက အိမ်ရှေ့မြန်မြန်ပြေးထွက်လာ၏။ထို့နောက်...

ဖြန်း!!

ပါးပေါ်မှ ရိုက်ချက်ပြင်းပြင်းကြောင့် ကျွန်ုပ်၏ပါးတစ်ဖက်ဟာ တစ်ဖက်ခြမ်းသို့လည်ထွက်သွား၏။သို့သော် ကျွန်ုပ်နာကျင်ခြင်းအလျဉ်းမရှိသလို ထိုလူသားအားစိတ်ထဲမှာတောင် မငြိုငြင်မိချေ။

"ယောကျာ်းရှားနေလား ဟမ်...ပြောစမ်းကင်မ်ထယ်ယောင်း"

ထိုလူသားက ကျွန်ုပ်၏လည်ပင်းအားညှစ်ထားကာ မျက်လုံးချင်းသေချာဆုံ၍မေးလေ၏။ဘယ်လိုလုပ်ရမလဲ။ကျွန်ုပ်က ထိုလူသားနှင့်ပါတ်သတ်သမျှကို နာကျင်ခြင်းကအစ တန်ဖိုးထားမြတ်နိုးပါသတဲ့လေ။

"ကိုယ့်သူငယ်ချင်း...အချစ်ဆုံးသူငယ်ချင်းရဲ့ရည်းစားကိုမှ သိပ်ကြိုက်တယ် ချစ်တယ်ပေါ့လေ ဟုတ်လား...ဟား...ဟား"

ဖြန်း!!

လည်ပင်းညှစ်ထားသည့်လက်တွေကိုပြေလျော့ကာ ထိုလူသားက ကျွန်ုပ်၏ပါးတစ်ဖက်အားတစ်ချက်ပြန်ရိုက်၏။ဒါပေါ့...ဒါမှမျှမျှတတ နာကျင်တာလုံလောက်မှာလေ။ကျွန်ုပ်သဘောကျပါ၏။

"ကိုယ့်သူငယ်ချင်းကိုတောင် သတ်တယ်ဆိုတော့ ခင်ဗျားကတော်တော်လေး ကျုပ်ကို လင်တရူး နေတာလား ဟမ်...ဖြေစမ်း...ခင်ဗျား အ...နေသလား ဟမ်..."

ထိုလူသားက ကျွန်ုပ်၏ ကိုယ်လုံးအား ပုခုံးနှစ်ဖက်မှကိုင်၍ နောက်သို့တွန်းလိုက်၏။ထိုအခါ ကျွန်ုပ်၏ကိုယ်လုံးတစ်ခုလုံးဟာ ထိုလူသားရှေ့မှာ ဒူးထောက်လျက်သား....

"ခင်ဗျားကို သိပ်မုန်းတယ် ကင်မ်ထယ်ယောင်း...သေပြီ...ကျုပ်သိပ်ချစ်ရတဲ့အမျိုးသားသေပြီ ...အာ့တာခင်ဗျားကြောင့် သိလား ဟမ်...အာ့တာခင်ဗျားဆိုတဲ့ လူစုတ်ကြောင့်"

𝖥𝖮𝖱𝖦𝖤𝖳 𝖬𝖤 𝖭𝖮𝖳..[𝗄𝗈𝗈𝗆𝗈𝗌]Onde histórias criam vida. Descubra agora