Unicode;
"Cheer...!!!"
ဆူညံနေတဲ့ DJ သံတွေကြား၌ စားပွဲဝိုင်းတစ်ခုမှ
Cheers ဟုသံပြိုင်ထွက်လာခြင်းဖြစ်သည်...သူတို့ကအသက်မပြည့်သေးတဲ့သူတွေမို့ ဒီ Club ထဲကိုဝင်ခွင့်ရတာတောင် Club ပိုင်ရှင်သားပါနေခြင်းကြောင့်ဖြစ်သည်....
"မင်းတို့ကလည်း Sprite သောက်ပြီး Cheer လုပ်ရတယ်လို့...~"
ဆော့ဂျင် Sprite ကိုတစ်ကြိုက်သောက်လိုက်ပြီး သူငယ်ချင်းတွေကို ပြောလိုက်သည်...သူကအခုမှပထမဆုံးရောက်ဖူးခြင်းဖြစ်သည့်အတွက် Club ကိုသာလေ့လာနေမိသည်....သူ့အတွက်ပတ်ဝန်းကျင်က အထူးအဆန်းဖြစ်နေသည်...
အော်ဟစ်ကခုန်နေသည့်အသံတွေကလည်း အနီးအနားမှာရှိတဲ့အသံတိုင်းကိုဖုံးသွားစေနိုင်သည်...မီးရောင်စုံအောက်မှာရှိနေတာကြောင့် မျက်စိတွေကြိမ်းပေမယ့် သဘောကျသလိုလိုပင်~Jimin;"ငါတို့မှ အရက်မသောက်ရတာ...ဒါနဲ့ပဲ
Cheer ပေါ့...!"Hoseok;"Sprite ကဘယ်လောက်တောင်ကောင်းလိုက်လဲ..ငါတော့ရှယ်ကြိုက်..."
ဂျီမင်းက Sprite ကိုဟန်ပါပါနဲ့သောက်ရင်းပြောသလို ဟိုဆော့ကလည်း မှာထားတဲ့ဟင်းပွဲတွေမြည်းနေရင်းမှ သူ့ကိုစကားပြန်ပြောလာသည်...
သူတို့ကနောက်ဆုံးနှစ်အထက်တန်းကျောင်းသားတွေ.... အသက်ပြည့်ဖို့လည်းသိပ်မလိုတော့သလို အထက်တန်းကြီးပြီးဖို့လည်းသိပ်မလိုတော့ဘူး...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!