Unicode;
သူ Jeon Jungkook လို့အော်ပြီးကာမှပါးစပ်ကိုမြန်မြန်ပိတ်လိုက်ရသည်....သူ့ မိဘတွေကအောက်ထပ်မှာအခုလောက်ဆိုအိပ်နေကြလောက်ပြီ... သူ့အသံကြားမှာအပေါ်ထပ်တက်လာရင် Jeon Jungkook နဲ့သူနဲ့ကိုတစ်မျိုးတစ်မည်တွေထင်ကုန်ကြလိမ့်မယ်..
သူပြတင်းပေါက်မှန်ကိုခပ်မြန်မြန်ပင်ဖွင့်လိုက်သည်... Jeon Jungkook ကပြတင်းပေါက်တံခါးဖွင့်လိုက်သည်နှင့် ခုန်တက်လာသည်....သူအခုမှသတိရတယ် ကိုကိုဂျွန်းနဲ့သူတို့အိမ်ကဘေးချဥ်းကပ်ရပ်... ပြီးတော့သူ့အခန်းနဲ့ကိုကိုဂျွန်းအခန်းကလည်း ဘေးကပ်ရပ်ပင်... ကိုကိုဂျွန်းအခန်းကနေသူ့အခန်းကိုကြည့်ရင် ကွင်းကွင်းကွက်ကွက်မြင်ရသလို သူ့အခန်းကနေကြည့်မည်ဆိုလျှင်လည်းထိုနည်းလည်းကောင်းပင်...သူမသိမသာလေးကိုကိုဂျွန်းအခန်းကိုစောင်းငဲ့ကြည့်မိတော့ မီးလင်းနေသေးသည်...ကန့်လန့်ကာကို အမြန်ချလိုက်သည်...
Jeon Jungkook ကိုကြည့်မိတော့သူ့အိပ်ရာပေါ်ခပ်တည်တည်ပင်ထိုင်နေပြီးသူ့ကိုကြည့် နေသည်... All Black တွေဝတ်ထားတဲ့ ကောင်လေးက အနက်ရောင်ကိုတော်တော်လေးကြိုက်နှစ်သက်ပုံပင်... ဆံနွယ်ရှည်ရှည်တွေကိုလည်း တွန့်လိမ်ဘီးကုတ်အနက်လေးနဲ့ သပ်တင်ထားသည်...
Seokjin;"ညကြီးမင်းကြီးဘာလာလုပ်တာလဲ မင်း!"
"အဖြေလာတောင်းတာ!!"
Jeon Jungkook ဆီကစကားတွေကြားရင်သူဆွံ့အချင်သလိုလိုတောင်ဖြစ်လာသည်...တစ်ဖက်လူကိုစကားရှာမရအောင်အထိပြောတတ်တာတော်ရုံအရည်အချင်းတော့မဟုတ်ဘူးထင်တယ်...
သူ့အိမ်သူ့အခန်းထဲအထိ ရဲတင်းစွာအဖြေလာတောင်းတာကလည်း တကယ့်အံ့ဖွယ်ပင်...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!