Part-9🔥

2.7K 375 89
                                    

Unicode;

"တော်တော်လေး ကျွန်တော့်ကိုခိုးကြည့်ထားတာပဲ
Kim Seokjin...!"

Jeon Jungkook ကပြောလည်းပြောသူတို့ဝိုင်းဆီလျှောက်လာသည်....

"Kim Seokjin နဲ့စကားပြောချင်လို့ ဟိုတစ်ယောက်ဘေးသွားထိုင်ပေး..!"

ဟိုဆော့ထိုင်နေတဲ့နေရာကိုစိုက်ကြည့်ကာ ခွင့်တောင်းခြင်းမျိုးလည်းမဟုတ်ဘဲ အမိန့်ပေးသလိုပြောလာတာကြောင့် ဆော့ဂျင်ကြားထဲကနေစိတ်တိုသွားသည်သူကအရင်ထဲကသူ ချစ်ခင်တွယ်တာတဲ့သူတွေကိုဆို ဆက်ဆက်ထိခံဘူး...

Seokjin;"နေပါစေ ဟိုဆော့ဖယ်မပေးနဲ့... Jeon Jungkook မင်းထိုင်ချင်ရင် Jimin ဘေးထိုင်လိုက်...!"

ထိုင်ရမလိုထရလိုဖြစ်နေတဲ့ဟိုဆော့က ဆော့ဂျင်အပြောကြောင့်ဘာလုပ်လို့ဘာကိုင်ရမလဲသိ.. Jeon Jungkook ဆိုတဲ့လူကလည်းသူ့ကိုစူးရဲစွာစိုက်ကြည့်နေသည်မို့ ဟိုဆော့အနေခက်လာသည်

Jimin;"အင်းမ်း အခုမှသတိရတယ်...ငါ..ငါ့မှာ သွားစရာရှိတယ်..ဟို‌ဆော့ပြန်ကြရအောင်...သွားမယ်.."

အချင်းချင်းမျက်နှာရိပ်မျက်နှာကဲပြပြီး Hoseok နဲ့ Jimin ကသူ့ကို တာ့တာပြကာခပ်မြန်မြန်ပင်သွားကြလေသည်

ဆိုင်ထဲသူရယ် Jeon Jungkook ရယ်ပဲရှိတာကြောင့် ဆော့ဂျင်ဘာပြောလို့ပြောမှန်းသိ...သူကအတင်းပြောသလိုကြီးဖြစ်သွားတာနည်းနည်းတော့အားနာစရာကောင်းတယ်လား..?

တောက်..! တောက်...တောက်..

Jeon Jungkook ကသူ့ဘေးနေရာကိုဘယ်ချိန် ဘယ်ချိန်ဝင်ထိုင်မှန်းသိဝင်ထိုင်လာသည်...စားပွဲခုံပေါ်ကိုလည်း သူ့ရဲ့လက်ချောင်းသွယ်သွယ်တွေကတစ်တောက်တောက်နဲ့လုပ်ရှားနေသည်....
သူထိုလက်ချောင်း ရှည်သွယ်သွယ်တွေကိုစိုက်ကြည့်မိနေတုန်း...

JEALOUS KING 🔥Where stories live. Discover now