Unicode;
"ရပ်လိုက်... Kim Seokjin...!!"
ခြေသံခပ်ပြင်းပြင်းနှင့်အတူ သူ့နောက်ကို Jeon Jungkook သေချာပေါက်လိုက်လာသည်....
သူ့ခြေလှမ်းတွေမရပ်မိဘဲ အတန်းဆီသို့သာ လွယ်အိတ်ပိုက်ရင်း ပြေးလာခဲ့သည်။
ဗုန်း..
ဆော့ဂျင်လက်ထဲမှာပိုက်ထားတဲ့ လွယ်အိတ်လေးရုတ်တရက်ဆိုသလိုပြုတ်ကျသွားသည်...
"အ့...! လွှတ်စမ်း..!"
သူ့လက်ကို အကြမ်းပတမ်းလှမ်းဆွဲပြီး သူ့ပခုံးတွေပေါ် Jeon Jungkook လက်တွေရောက်လာသည်....
"သိပ်သတ္တိတွေကောင်းနေတယ်ပေါ့...! ဘာတဲ့ ကျုပ်ကလွဲပြီး တစ်ကမ္ဘာလုံးကလူတိုင်းကို ကြိုက်တယ်ပေါ့ ဟက်...! ခင်ဗျား ဟာသတွေက မရယ်ရဘူးနော် ကင်မ်ဆော့ဂျင်...!!!"
Corridor ပေါ်မှာ Jeon Jungkook ရဲ့ မာထန်ထန်အသံကဟိန်းခနဲထွက်လာသည်။ Jeon Jungkook မျက်နှာနီရဲတောက်နေပုံက ဘယ်လောက်တောင် စိတ်တိုနေမှန်း မှန်းကြည့်တာနဲ့သိနိုင်သည်....
"ငါဟာသပြောတာမဟုတ်ဘူး အတည်ပြောနေတာ ဒါကိုမင်းက ဟာသလို့သတ်မှတ်ချင်ရင်လည်းသဘောပဲ...!! ငါမင်းကိုပိုစိတ်မပျက်မိခင် ငါ့ပခုံး ပေါ်ကမင်းလက်တွေကိုလွှတ်လိုက်တာကောင်းမယ်..!!"
"ကျုပ်မကြားချင်တာတွေ သိပ်ပြောတတ်တဲ့ ခင်ဗျားနှုတ်ခမ်းကိုကျုပ်စုတ်ပြတ်သတ်နေအောင်နမ်းနေချင်နေပြီ ကင်မ်ဆော့ဂျင်...!!"
တောက်...!!
ဒုန်း!! ဒုန်း
Jeon Jungkook က တောက်ခေါက်ကာ သူ့ဘေးက နံရံဖြူဖြူကို လက်သီးနဲ့ဆင့်ထိုးပြီး ထွက်သွားသည်... သူလည်း သူ့လွယ်အိတ်သူကောက်ကာ ထိုနေရာမှာဆက်ရပ်မနေတော့ဘဲ
ထွက်ခွာလာခဲ့သည်က ကျောင်းအပြင်ဘက်သို့...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!