Part-3🔥

3.2K 432 108
                                    

Unicode;

“Seokjinnie ဘယ်ကပြန်လာတာလဲ...?”

Seokjin စက်ဘီးကိုခြံထဲသွင်းဖို့ပြင်နေတုန်း အနောက်ကနေထွက်လာသည့်ရှရှအသံကြောင့်
လှည့်ကြည့်လိုက်‌တော့ ပါးပြင်ပေါ်က ပါးချိုင့်လေးတွေ နက်နက်နဲနဲခွက်သွားသည်အထိ သူ့ကိုပြုံးပြလာသည့် ကိုကိုဂျွန်း...

“ကျွန်‌တော်ကျောင်းမှာဖုန်းကျန်ခဲ့လို့ သွားယူတာ..ကိုကိုဂျွန်းကရော စက်ဘီးနဲ့ဘယ်သွားမလို့လဲ..?”

“ကိုယ်အိမ်အတွက်လိုတာလေးတွေသွားဝယ်မလို့ထွက်လာတာပဲ...ဒါပေမယ့်ဘာက စဝယ်ရမလဲ မသိဖြစ်နေတယ်...~”

ဆော့ဂျင် ကိုကိုဂျွန်းရဲ့စကားကိုကြားရယ်ချင်သွားမိပြီး ချောင်းတစ်ချက်ကိုခပ်ဖွဖွဟန့်လိုက်သည်....ကိုကိုဂျွန်းက အေးအေးချမ်းချမ်းနဲ့ တစ်ကိုယ်တည်းနေနေပေမယ့် သူကတော့ ချစ်သူရည်းစားလေးဖြစ်ဖြစ် ကိုကိုဂျွန်းကိုထားစေချင်သည်....

“အန်တီနဲ့အတူသွားလိုက်ပါလား..ကိုကိုဂျွန်း...!”

“မေမေက Seokjinnie ‌တို့မိဘတွေဆိုင်သွားတယ်...”

ဆော့ဂျင်ပြုံးလိုက်သည်...သူတို့ကအိမ်နီးချင်းကောင်းတွေ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီကြသည်...ဆော့ဂျင်တို့မိဘတွေက သုံးလမ်း ကျော်မှာ ကြက်ကြော်ဆိုင်လေးတစ်ဆိုင်ဖွင့်သွားသည်ကို ကိုကိုဂျွန်းမေမေကသွားပြီး ကူလုပ်ပေးတတ်သည်...

Seokjin;“ဒါဆို ခဏစောင့်ပေးမလား..? ကျွန်တော်နဲ့အတူ ကုန်တိုက်သွားကြတာပေါ့...”

“ကိုယ် ဒန်းပေါ်မှာထိုင်စောင့်နေလိုက်မယ်...”

Seokjin;“ဟုတ်..ကျွန်တော်ရေချိုးလိုက်အုံးမယ်...”

JEALOUS KING 🔥Where stories live. Discover now