Unicode;
“Kim Seokjin...!!”
Jeon Jungkook ရဲ့ခပ်ဆောင့်ဆောင့်အသံကိုထပ်မံကြားလိုက်ရပြန်သည်....
“ကျုပ်ကိုမြင်လို့ ခင်ဗျားမျက်နှာကဘာဖြစ်နေတာလဲ...?ခုနကဒီဘဲကြီးနဲ့ကျတော့ ခွီနေပြီးတော့ အခု ကျုပ်ကိုတွေ့တော့ခင်ဗျားမျက်နှာအနေအထားနဲ့ခုနကမျက်နှာထားကအတော်လေးကွာတယ်နော် Kim Seokjin...!ဘာလဲ... ညီအစ်ကိုလိုခင်တာပါဆိုပြီး နှစ်ယောက်သားပြုံးပျော်နေတာလူမိသွားလို့ မျက်နှာပျက်သွားတာလား...?”
Seokjin;“Jeon Jungkook မင်းထင်ချင်ရာတွေထင်မနေနဲ့... မင်းပြောတာအကြောင်းမဟုတ်ပေမယ့် ကိုကိုဂျွန်းနဲ့ငါ့ရဲ့သိက္ခာဆိုတာရှိတယ်....!”
သူ့စကားအဆုံးမှာ Jeon Jungkook ရဲ့မျက်နှာထားကပိုမိုတင်းလာပြီး ဒေါသမျက်ဝန်းတွေဟာလည်းပိုတောက်လာသလိုပင်... သူအစကကောင်းကောင်းမွန်မွန်ပြောမလို့ပါပဲ... ဒါပေမယ့် Jeon Jungkook ရဲ့စကားတွေကသူ့စိတ်ကိုတိုစေသည်... Jeon Jungkook ကသူ့ကိုသဝန်တိုတာထက်ပိုပြီး အယုံအကြည်မရှိတော့သလိုပါ သူစိတ်ထဲခံစားလာရသည်....
“Seokjinnie သူကဘယ်သူလဲ...?”
ကိုကိုဂျွန်းရဲ့အမေးစကားအဆုံးမှာ Jeon Jungkook ကသူ့လက်တစ်ဖက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လာသည်....
“ကျုပ်ကောင်လေး...!ကျုပ်ချစ်သူ...!!
ကျုပ်ယောက်ျားဖြစ်မယ့်သူ...!!
ထပ်ရှင်းပြဖို့လိုသေးလား...!?”Jeon Jungkook ရဲ့အသံကတစ်ဆတစ်ဆကျယ်လာပြီး သူ့လက်ကိုလည်းပိုမိုဆုတ်ကိုင်လာသည်။
“ဒါဆိုလည်း ညီ မင်းစကားကိုအေးဆေးပြောပါ...
Seokjinnie ကိုဆွဲလားရမ်းလားမလုပ်နဲ့..”
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!