Part-13🔥

2.9K 409 179
                                    

Unicode;

"အဲ့မှာဘာရပ်လုပ်နေတာလဲ...! လာထိုင်လေ...!!"

Jungkook သူ့အားပြူးကြောင်ကြောင်ကြည့်နေသည့် လူသားကိုခပ်ဆတ်ဆတ်လေးပြောလိုက်သည်....သူ့မြင်ပြီးခုန်မတတ်လန့်တာကတော့
ဖြစ်သင့်ဘူးလား..?

"အော် အေး...အေး"

Jeon Jungkook မျက်နှာကခုနကထက်ပိုတည်တင်းနေပြီး သူ့ကိုစိုက်ကြည့်နေသည်မို့ ဆော့ဂျင်အနေတောင်ကျုံ့သွားသည်..

“ငါဒီမှာပဲထိုင်လိုက်တော့မယ်...”

Jimin;“အွန်း အွန်း... ငါနဲ့ဟိုဆော့ နောက်မှာထိုင်လိုက်မယ်...”

ဂျီမင်းကအလိုက်သိစွာဖြင့် ပြောသည်.... ဂျီမင်းအပြောကိုဆော့ဂျင် ခေါင်းညိမ့်လက်ခံပြလိုက်ပြီး Jeon Jungkook ထိုင်တဲ့ဘေးသွားရပ်နေလိုက်သည်.... Jeon Jungkook က ဘေးဘက်လည်းတိုးပေးဘဲ အစွန်မှာထိုင်မြဲထိုင်နေသည်...

"ခင်ဗျားကြည့်ရတာ ကျုပ်ကိုမြင်တာမပျော်သလိုပဲ.. ဘာလဲ!? ကျုပ်လိုက်လို့အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့သဘောလား!!”

Seokjin;“ငါကမင်းကိုရုတ်တရက်ကြီး ကားပေါ်မြင်လိုက်ရတာဆိုတော့အံ့အားသင့်သွားတာပါ..
မင်းပြောသလိုတော့လည်းမဟုတ်ပါဘူး"

“ကျုပ်ကလည်းဂရုမစိုက်ဘူး...!!!”

Jeon Jungkook အသံကပုံမှန်ထက်ပိုကျယ်သွားသည်မို့ ကားပေါ်ကလူတွေသူတို့ကိုကြည့်လာကြသည်... Jeon Jungkook က ကားထဲကလူတွေကိုခပ်စူးစူးကြည့်တစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ အကုန်လုံးကအကြည့်ပြန်လွှဲသွားကြသည်
မဟုတ်သေးပါဘူး Jeon Jungkook ကကားပေါ်ကလူ‌တွေထဲဆိုရင်အငယ်ဆုံးလေ....အဲ့တာကိုJeon Jungkook အကြည့်တစ်ချက်နဲ့ သူတို့အထက်တန်းနောက်ဆုံးနှစ်ကလူတွေကြောက်‌သွားကြတာက ‌နည်းနည်းတော့လွဲနေတယ်...

JEALOUS KING 🔥Where stories live. Discover now