Part-2🔥

4.3K 464 155
                                    

Unicode;

မှိုင်းအုံ့အုံ့ရာသီဥတုနှင့် နေ့တစ်နေ့ရဲ့နံနက်ခင်းသည် ဆော့ဂျင်အတွက် အိပ်ချင်ဖွယ်အတိ....ဆော့ဂျင်လက်ထဲက သူတို့အိမ်နီးချင်းဖြစ်သည့်ကိုကိုဂျွန်းပေးလိုက်တဲ့ ဂျယ်လီအထုပ်‌ပိစိလေးတွေကို သေချာဆုတ်ကိုင်ရင်း သူ့ရဲ့အခန်းရှိရာသို့ လှေကားထစ်မှတစ်ဆင့် ပုံမှန်ခြေလှမ်းတွေဖြင့်လှမ်းရန်ပြင်လိုက်ချိန်....~

"ဟေ့ကောင်တွေ ဟိုမှာ Jeon Jungkook လာနေပြီ...လစ်မယ်..လစ်မယ်.!!"

ရုတ်တရက်ကြားလိုက်တဲ့အမည်နာမတစ်ခုကြောင့် သူ့ခြေလှမ်းတွေရပ်တန့်‌သွားသည်....

ကျောင်းသားနှစ်ယောက်က သူ့ဘေးကနေ ကြောက်အားလန့်အားဖြင့်ဖြတ်ပြေးသွားကြသည်..သာမန်အချိန်ဆို သူစိတ်ဝင်စားပေမယ့် အခုကသူ Play ရမယ့် လူနာမည်ကြားတာကြောင့်လှေကားမ​ရောက်ခင်ရှိတဲ့ နံရံထောင့်ချိုးနားပြေးကာ မသိမသာကြည့်မိတော့ ကျောင်း corridor လမ်းအတိုင်း ခပ်တည်တည်ဖြင့် လမ်းလျှောက်လာသည့် Jeon Jungkook ကိုတွေ့လိုက်သည်...

ထင်းနေတဲ့မျက်ခုံးတန်း... ဖြောင့်ဆင်းနေတဲ့နှာတံ...ပိရိသေသပ်နေတဲ့နှုတ်ခမ်းပါး...သွယ်ကျနေတဲ့မေးရိုးထင်းထင်းတွေ... နက်မှောင်နေတဲ့ဆံပင်တွေကို ဘီးကုတ်အနက်နဲ့လှန်တင်ထားတာမို့ တည်နေတဲ့မျက်နှာထားက ပိုပေါ်လွင်နေသည်...Jeon Jungkook ကကျောင်းယူနီဖောင်းနဲ့တောင် ရှိန်ချင်စရာကြီး ....

Jeon Jungkook သူ့အနားနီးကပ်လာပြီမို့ ဆော့ဂျင် လှေကားထစ်ဆီ အလျင်အမြန်မျက်နှာမူလိုက်ကာ အပေါ်ထပ်တပ်ဖို့ပြင်လိုက်သည်.... လက်ထဲက ဂျယ်လီအထုပ်သေးလေးတစ်ခုကို ပစ်ချလိုက်ပြီး ခဲရောင်လှေကားထစ်လေး​တွေပေါ်ဖြည်းညှင်းစွာတပ်လာလိုက်သည်...

JEALOUS KING 🔥Where stories live. Discover now