Unicode;
သူတို့အားလုံးဂိမ်းဆော့ စားသောက်လို့ဝတော့ ကိုယ့်အခန်းကိုယ်ပြန်လာခဲ့ကြသည်...
ဆော့ဂျင်တစ်နေ့လုံး Jeon Jungkook ကြောင့် ရဲစရာမျက်နှာတောင်မရှိတော့... တစ်နေ့လုံးရှက်ရလွန်းလို့သူရူးတော့မလိုပင်....
သူ Bangalow ထဲမဝင်ခင် ဂျီမင်းနှင့်ဟိုဆော့က Jeon Jungkook နဲ့တိုးတိုးကြိတ်ကြိတ်စကားပြောနေကြသည်...သူလည်းဂရုစိုက်မနေတော့ဘဲ အခန်းထဲဝင်နှင့်လိုက်သည်.... ခြေလက်ဆေးပြီး Pajamas မဝတ်သေးဘဲ အိပ်ရာပေါ်ပစ်လဲချပလိုက်သည်.. သူ့တစ်ကိုယ်လုံးလည်းညောင်းညာနေပြီ...
ဂျောက်....!
တံခါးဖွင့်သံကြောင့် ဆောဂျင်လှဲနေရာမှ ထိုင်လိုက်ကာ တံခါးရှိရာအကြည့်ပို့မိတော့ Jeon Jungkook ဖြစ်နေလေသည်....
"ဟိုနှစ်ယောက်ရော..?"
ဂျီမင်းနဲ့ဟိုဆော့ကိုမတွေ့တာကြောင့် ဆော့ဂျင်မေးလိုက်တော့ Jeon Jungkook မျက်ခုံးတန်းတွေတွန့်ကြုံ့လာသည်...
"ကျုပ်ကခင်ဗျားကိုသူတို့နဲ့တစ်ခန်းထဲပေးအိပ်မယ်ထင်လား!?"
Seokjin;"ဟမ်..."
"ကျစ်...! ထားတော့ ကျွန်တော်ရေချိုးလိုက်အုံးမယ်..."
Seokjin;"ရား....ဟိုဆော့တို့ကရောလို့..?မဟုတ်မှ သူတို့ ငါ့ကိုမပြောဘဲ Hotel ကကျွေးတာတွေ
သွားစားကြပြန်ပြီလား?""မဟုတ်ဘူး... ကျုပ်ရှင်းရှင်းပဲပြောမယ်ဗျာ
ကျုပ် ခင်ဗျားနဲ့နှစ်ယောက်ထဲရှိချင်လို့ သူတို့ကိုတခြားအခန်းပို့လိုက်ပြီ.. နားလည်လား..?"
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!