Unicode;
ဆော့ဂျင်ရဲ့ဖြစ်ကြောင်းကုန်စဉ်တွေကို ဂျီမင်းနဲ့ဟိုဆော့ကိုပြောတော့ တဟားဟားနဲ့အော်ရယ်နေကြသည်.....
"Cola သောက်ရတာဖီးလ်ပျက်တယ် တိုးတိုးရယ်စမ်းကွာ...!!"
ဆော့ဂျင် လက်ကျန် Cola ကိုအကုန်မော့သောက်လိုက်ပြီး ကုန်သွားပြီဖြစ်သည့် ကိုလာဗူးခွံကိုလွှင့်ပစ်ရန် သူ့နောက်တည့်တည့်မှ ရှိတဲ့အမှိုက်တောင်းကိုမှန်းကာ နောက်ပြန်ပစ်ဖို့ပြင်စဉ် ရုတ်တရက် Play ချင်လာပြန်သည်....
Seokjin;"ဟေ့ကောင်တွေ ငါအမှိုက် တောင်းထဲ Colaဗူးခွံ ပစ်နိုင် မပစ်နိုင်လောင်းမလား?"
Jimin;"မပစ်နိုင်ဘူးကွာ...!"
"ဟိုဆော့မင်းကရော..."
Hoseok;"ငါကပစ်နိုင်တယ်..."
Seokjin;"တော်တယ်...မင်းပဲငါ့ဘက်အမြဲရှိတယ်..."
ဆော့ဂျင် ဟိုဆော့နဲ့ လက်သီးခြင်းတစ်ချက်တိုက်လိုက်ပြီး စိတ်နဲ့မှန်းကာ သူ့နဲ့ ငါးလှမ်းအကွာလောက်မှာရှိတဲ့ အမှိုက်တောင်းကို မှန်းဆကာပစ်လိုက်သည်...
တိန်...!
Jimin;"ဆော့ဂျင်...မင်းတော့သေပြီ...!"
"ဟမ်...! လူ...လူမှန်သွားတာလား...?"
Jimin;"ဟုတ်တယ် တကယ့်ခေါင်ကိုမှမှန်တာ..!မင်းတော့သွားပြီ..."
ဆော့ဂျင်နောက်သို့လှည့်မကြည့်ရဲ...ဟိုဆော့နဲ့ဂျီမင်းမျက်နှာရိပ် မျက်နှာကဲကိုသာကြည့်နေမိသည်...
"ဘယ်သူ့ကိုထိသွားတာလဲ..?"
Jimin;"Jeon Jungkook နဖူးတည့်တည့်ကို...!"
ဂျီမင်းဆီကစကားကြားကြားချင်း ဆော့ဂျင်သူ၏ ခေါင်းတည့်တည့်ကို နေပူပူကြီးထဲ မိုးကြိုးပစ်ချသွားသလိုပဲ ခံစားလိုက်ရသည်....
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!