Part-14🔥

2.9K 350 51
                                    

Unicode;

"Seokjin..!!"

Hoseok ကအထုပ်တွေဆွဲထားရင်းပင် သူ့နားသို့ခပ်သွက်သွက်လျှောက်လာသည်...

"ဂျီမင်းက‌ ပြောတယ်...မင်း Jeon Jungkook ကိုအဖြေပြန်ပေးလိုက်ပြီဆို..!"

Seokjin;"ဆိုပါတော့... မင်းတစ်ယောက်ထဲလား?Jimin ရော..."

"Ah... Jimin ကသူ့ရည်းစားနဲ့ဖုန်းသွားပြောနေတယ်... သူ့ရည်းစားကလည်းကျောင်းမှာကို ဖုန်းဘယ်လိုခိုးသုံးနေလည်းတောင်မသိဘူး...တကယ်မလွယ်တဲ့ကောင်တွေ..."

Hoseok ကခေါင်းတစ်ခါခါနှင့် စိတ်ကုန်သလိုပြောလာသည်... ဟိုဆော့ပြောတာလည်းမှားနေတာတော့မဟုတ်ဘူး.... Jeon Jungkook နှင့်
သူ့သူငယ်ချင်းကင်မ်ထယ်ယောင်းနဲ့က နှစ်ယောက်လုံးတကယ့်မလွယ်ကြောတွေ...
သူတို့ထက်ငယ်ည်နှစ်ယောက်ကိုချစ်သူတော်ထားတဲ့ သူနဲ့ဂျီမင်းဘဝတော့တွေးရဲစရာပဲ..

"ဒါနဲ့မင်း Jeon Jungkook ကိုဘယ်လောက်ကြာကြာတွဲဖို့လဲ..?"

ဟိုဆော့ကသူ့ကိုပခုံးချင်းလှမ်းတိုက်ရင်း မေးလာသည်...သူမဆိုင်းတွပင်ဖြေလိုက်သည်

Seokjin;"ငါ့သူ့ကိုသဘောကျတယ်... အဲ့တာကြောင့်သဘောတူလိုက်တာ... ဂိမ်းအတွက်ကြီးပဲ Play နေတာရယ်တော့မဟုတ်ဘူးပေါ့ကွာ..~"

"ဝိုး.... ငါတို့ဆော့ဂျင်တောင်အချစ်နဲ့တွေ့သွားပြီပဲ..."

ဟိုဆော့ကခပ်ပြေပြေလေးပြုံးပြရင်း ပြောလာသည်... သူလည်းရှက်ပြုံးလေးပြုံးရင်း ငြိမ်နေမိသည်... Jeon Jungkook လိုတိုင်နဲ့ Jeon Jungkook လိုလူကို သဘောကျတာကတအားကြီးတော့ထူးဆန်းနေတာမဟုတ်ဘူးထင်တယ်... သဘောကျဘူးဆိုမှသာ ထူးဆန်းနေတာဖြစ်လိမ့်မယ်... သူဆိုလည်းအစက ဂိမ်းဆော့ဖို့အတွက် Jeon Jungkook အနားချဉ်းကပ်ခဲ့တာလေ...ဒါပေမယ့် ဒီရက်တွေအတွင်းမှာပဲ Jeon Jungkook နဲ့အနေနီးပြီး ရင်ခုန်လာတယ်..သဘောကျလာတယ်... သူရဲ့ရင်ခုန်သံတွေကသူတို့ ပထမဆုံးနှုတ်ခမ်းချင်းထိမိတာကနေ စမယ်ထင်တယ်...

JEALOUS KING 🔥Where stories live. Discover now