Part -1🔥

17.8K 606 98
                                    

Unicode;

"Cheer...!!!"

ဆူညံနေတဲ့ DJ သံတွေကြားစားပွဲဝိုင်းတစ်ခုမှ
Cheers ဟုသံပြိုင်ထွက်လာခြင်းဖြစ်သည်...

သူတို့ကအသက်ပြည့်သေးတဲ့သူတွေမို့ ဒီ Club ထဲကိုဝင်ခွင့်တာတောင် Club ပိုင်ရှင်သားပါနေခြင်းကြောင့်ဖြစ်သည်....

"မင်းတို့ကလည်း Sprite သောက်ပြီး Cheer လုပ်ရတယ်လို့...~"

ဆော့ဂျင် Sprite ကိုတစ်ကြိုက်သောက်လိုက်ပြီး သူငယ်ချင်းတွေကို ပြောလိုက်သည်...သူကအခုမှပထမဆုံးရောက်ဖူးခြင်းဖြစ်ည့်အတွက် Club ကိုသာလေ့‌လာနေမိသည်....သူ့အတွက်ပတ်ဝန်းကျင်က အထူးအဆန်းဖြစ်နေသည်...
အော်ဟစ်ကခုန်နေသည့်အသံတွေကလည်း အနီးအနားမှာရှိတဲ့အသံတိုင်းကိုဖုံးသွားစေနိုင်သည်...မီးရောင်စုံအောက်မှာရှိနေတာကြောင့် မျက်စိတွေကြိမ်းပေမယ့် သဘောကျသလိုလိုပင်~

Jimin;"ငါတို့မှ အရက်မသောက်ရတာ...ဒါနဲ့ပဲ
Cheer ပေါ့...!"

Hoseok;"Sprite ကဘယ်လောက်တောင်ကောင်းလိုက်လဲ..ငါတော့ရှယ်ကြိုက်..."

ဂျီမင်းက Sprite ကိုဟန်ပါပါနဲ့သောက်ရင်းပြောသလို ဟိုဆော့ကလည်း မှာထားတဲ့ဟင်းပွဲတွေမြည်းနေရင်းမှ သူ့ကိုစကားပြန်ပြောလာသည်...
သူတို့ကနောက်ဆုံးနှစ်အထက်တန်းကျောင်းသားတွေ.... အသက်ပြည့်ဖို့လည်းသိပ်လိုတော့သလို အထက်တန်းကြီးပြီးဖို့လည်းသိပ်လိုတော့ဘူး...

JEALOUS KING 🔥Where stories live. Discover now