Part-21🔥

2.2K 244 35
                                    

Unicode;

Living Room ထဲမှာ သူရယ် မေမေရယ် ကိုကိုဂျွန်းရယ် တိတ်ဆိတ်စွာထိုင်နေကြသည်… အတန်ကြာမှ Omma ဆီမှ ထွက်လာသည့်စကားသံ...~

“ဒါဘယ်လိုဖြစ်တာလဲ ဆော့ဂျင်...ဒီကောင်လေးမင်းကိုတမင်အနိုင်ကျင့်တာလား..?”

“အရင်တုန်းကတွဲခဲ့ဖူးတဲ့ဆက်ဆံရေးမျိုးပါ...”

“ဘယ်ကတည်းကလဲ သူအိမ်ကိုလာတဲ့အချိန်ထဲကလား...?”

“မဟုတ်ဘူး...သူအိမ်လာတုန်းကကျွန်တော်တို့ ဘာဆက်ဆံရေးမှမရှိသေးဘူး... ကျွန်တော်တို့ တွဲတာမကြာလိုက်ဘူး...”

“ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုအမေအရင်ကပြောထားတယ်မဟုတ်လား... ပညာသင်ရမယ့်အရွယ်မှာပညာပဲသင်ဖို့ ကဲ ထားပါ... ဖြစ်ပြီးမှတော့လဲ ဘယ်တတ်နိုင်မလဲ... ဒါပေမယ့်ဒီလို Video တွေတက်လာရလောက်တဲ့အထိတော့ အ​မေလက်မခံနိုင်ဘူးလေ...”

“ဟုတ်... ကိုကိုဂျွန်းလည်း ငြိမ်မနေပဲတစ်ခုခုပြောပါ ဆူတာဖြစ်ဖြစ်..”

ကိုကိုဂျွန်းက ဘာမှဝင်မပြောဘဲ သူ့ကိုခပ်အေးအေးစိုက်ကြည့်နေတာကြောင့် ဆော့ဂျင်ပြောလိုက်သည်…

“ကိုယ်ဆူဖို့လာတာမဟုတ်ဘူး... Jinnie အဆင်ပြေလားလာကြည့်ရုံပဲ...”

“ကျွန်တော်မှားသွားတယ်…”

“လူဆိုတာတစ်ခါတော့မှားတတ်ကြတာပဲ...
သား နောက်ဆို အမေ့ကိုပွင့်ပွင့်လင်းလင်းပြော...
မေမေကအခုမင်းကိုစိတ်ဆိုးလို့ပြောတာလည်းမဟုတ်ဘူး မင်းနှုတ်ခမ်းမှာ ဒဏ်ရာကိစ္စမေးလို့ မင်းညာခဲ့တာကို စိတ်မကောင်းဖြစ်ရုံပဲ.. ”

“ဒီကိစ္စ ဖေဖေသိလား...?”

“မင်းအဖေက ဂျယ်ဂျူကို နေ့လည်ကလိုက်သွားတယ်... မင်းဖွားဖွားနေမကောင်းဖြစ်နေလို့ သူခင်မျာချက်ချင်းသွားကြည့်တာ..”

သူကတကယ့်အရူး... အိမ်မှာ အဖေတစ်ယောက်လုံးရှိတာတောင်သတိမထားမိဘဲ
သူ့ရဲ့ကိစ္စတွေကိုသာအဖန်ဖန်လဲလဲတွေးနေမိခဲ့တာ...

“ဖွားဖွားစိုးရိမ်ရလားဟင်...”

“ရေငုပ်ရင်းဒဏ်ရာရသွားတာတဲ့... စိုးရိမ်စရာတော့မရှိပါဘူး…မင်းအဖွားက ငယ်ငယ်ထဲက‌ ရေငုပ်ပြီးကြီးပြင်းလာတာမျိုးဆို‌တော့ သူအဆင်ပြေလောက်မှာပါ”

JEALOUS KING 🔥Where stories live. Discover now