Unicode;
ဘာမှမပြောဘဲသူ့ကိုကြောင်တောင်တောင်ကြီးကြည့်နေသည့် ဂျီမင်းကြောင့် ဆော့ဂျင်စနေတာမဟုတ်ကြောင်းပြောလိုက်သည်...
“စတာမဟုတ်ဘူး အတည်ပြောနေတာ...”
Jimin;“မင်းတို့တွဲတာဖြင့်ဘယ်လောက်မှမကြာသေးဘူးလေ ဘယ်လိုဖြစ်တာလဲ...?”
“ငါမွန်းကြပ်လာလို့... တကယ်မနေတတ်တော့ဘူး... ”
Jimin;“ဘာလို့မွန်းကြပ်တာလဲ...?”
“ဒီလိုကွာ မနေ့က ကိုကိုဂျွန်းနဲ့ ငါစကားပြောနေတုန်း Jeon Jungkook ရောက်လာတယ်...ငါနဲ့ကိုကိုဂျွန်းကို မယုံသလို စွပ်စွဲတော့တာပဲ.. ငါကကွာ Jeon Jungkook ငါ့အပေါ်သဝန်တိုတာကို လက်ခံပေးလို့ရတယ် ဒါပေမယ့် မင်းပဲစဉ်းစားကြည့် Jeon Jungkook က မင်းတို့နဲ့တောင်ငါ့ကို စိတ်မချသလိုလို မယုံသလိုလိုလုပ်နေတာ ကြာလာတော့အဆင်မပြေတော့ဘူး.... ငါသူ့ကိုချစ်ပါတယ် ဒါပေမယ့် သူအဲ့လိုငါ့ကိုမယုံသင်္ကာသလိုလုပ်နေတာက ငါ့မာနကိုထိခိုက်စေတယ်...”
Jimin;“ဟူး... ဘာပြောရမှန်းတောင်မသိတော့ပါဘူးကွာ...”
Jimin ကသက်ပြင်းတွေ တဟူးဟူးချရင်း သူ့ကိုစိတ်မကောင်းသလိုကြည့်လာသည်... သူလည်းအဆင်ပြေကြောင်း ပြုံးပြလိုက်သည်....
“Kim Seokjin...!!!”
Jeon Jungkook သူ့နောက်လိုက်လာပြီး သူ့ကိုပြဿနာရှာမယ်ဆိုတာကြိုသိထားပေမယ့် ဒီလောက်မြန်မြန်ကြီး သူ့ဆီရောက်ချလာလိမ့်မယ်လို့တော့မထင်ခဲ့.... အခန်းဝထဲက သူ့နာမည်အော်ဝင်လာတဲ့ Jeon Jungkook က စောင့်ကြီးအောင့်ကြီး ခုံဝင်တိုက်လိုက် စားပွဲခုံဝင်တိုက်လိုက်နဲ့ပင်…
“အော်ကြီးဟစ်ကျယ်မဖြစ်ချင်ရင် ကျုပ်နောက်လိုက်ခဲ့...”
လက်ကောက်ဝတ်ကိုလာဆွဲကာ သူ့နားနားကပ်ပြီး ခပ်ကြိတ်ကြိတ်ပြောလာသည်... ဂျီမင်းကတော့ သူတို့နှစ်ယောက်ကို အကြောင်သားကြည့်နေသည်....
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!