Unicode;
ဝူးး...!
ကျယ်လောင်တဲ့ဆိုင်ကယ်စက်သံညှက်ညှက်နှင့်အတူ ထယ်ယာင်း ရောက်လာသည်မို့ Jungkook လက်ထောင်ပြလိုက်သည်...
ထယ်ယောင်း Helmet ကိုချွတ်ကာ ဆိုင်ကယ်ပေါ်တင်ထားလိုက်သည်။ အထက်အောက်အနက်ချည်းဝတ်ထားပြီး နက်ရွှဲနေတဲ့ဆိုင်ကယ်ကိုအကျအနမှီရပ်နေရင်း Cigarettes သောက်နေတဲ့ Jungkook ရှေ့သွားလိုက်သည်....
"မင်းကမြန်လှချည်လား..? ပြောတော့အိမ်မှာဆို...!"
"မင်းလိုဆိုင်ကယ်ကိုလိပ်လိုမောင်းလာတာမှမဟုတ်တာ...!!"
Jungkook ကဆေးလိပ်ကိုတစ်ရှိုက်ဖွာလိုက်ရင်း ခပ်ဆောင့်ဆောင့်အသံဖြင့်ဖြေသည်။ထယ်ယောင်းတစ်ချက်ရယ်လိုက်ရင်း Jungkook အပြောကိုပြန်ဖြေလိုက်သည်...
"ငါကလိပ်လိုမောင်းတာမဟုတ်ဘူး...မင်းကဆိုင်ကယ်ကို မြင်းမောင်းသလိုမောင်းလာတာ..ကြည့်လည်းလုပ်အုံး အကုန်တိုးကုန်မယ်...လိုင်စင်မရှိဘဲတိုးရင်အမှုပိုကြီးတယ်...!"
"Jeon Jungkook ကိုဘယ်ကောင်မှမရှုပ်ရဲဘူး...
ဘယ်မှာလဲ မင်းကောင်တွေ... ကြာရင်ငါလစ်တော့မယ်... စိတ်သိပ်မပါဘူး..!"Taehyung;"လာတော့မှာပါကွာ...ဒီတစ်ခါကြေးကြီးတယ်နော်..တောင်းသလောက်ပေးကြေး...!!"
"အဟက်...! ပျင်းစရာ.."
Jungkook က ကြေးနဲ့ဆိုင်ကယ်မောင်းပြိုင်
တာမဟုတ်ဘဲ အပျင်းပြေလာကစားရုံ။By One ဖြစ်ဖြစ်ဘာဖြစ်ဖြစ်သူက သူ့ကိုစိန်ခေါ်ရင် စကြာဝဠာအထိ သူ့သူငယ်ချင်းကလိုက်တယ်...ကြေးဆိုတာလည်း Jungkook အတွက်မှမလိုတာ Jungkook ကအစစအရာရာပြည့်စုံသည်လေ...အခုရောက်နေတဲ့ ဆိုင်ကယ်စီးပြိုင်ကွင်းတောင် ဂျောင်ကုအပိုင်...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!