Unicode;
“ကျွန်တော်ခင်ဗျားနဲ့သူငယ်ချင်းမဖြစ်ချင်ဘူး…!
အဖြေပေး...!!”Seokjin;“အဖြေ...ဘာအဖြေလဲ..?”
Jeon Jungkook မျက်ဝန်းတွေကတည်ကြည်လေးနက်နေသည်။ ထိုမျက်ဝန်းတောက်တောက်လေးတွေကို စိုက်ကြည့်ကာမေးမိတော့ ခပ်ဟဟရယ်လာသည်.... Jeon Jungkook ဘာအဖြေတောင်းလဲဆိုတာ သူသိသည်...ဒါပေမယ့် သူတမင်သက်သက်မဖြေချင်လို့ကို မေးလိုက်ခြင်းဖြစ်သည်။ဒီကောင်လေးသူနဲ့သူငယ်ချင်းမလုပ်ချင်တာလည်းဒါ့ကြောင့်ကို…တော်တော်လည်တဲ့ကောင်..!
“ကျွန်တော်နဲ့တွဲမယ်မလား..!?”
“ဟမ်..!”
ယုံကြည်မှုလွန်ကဲနေသည့် မျက်နှာပေးဖြင့် မေးလာတဲ့ Jeon Jungkook ကို ဆော့ဂျင်ညစ်ချင်လာသည်...ဂိမ်းသာမပြိုင်ထားခဲ့ရင် သူငြင်းပလိုက်မှာ သူ့ကိုအကြောကြီးနဲ့ အဖြေတောင်းလို့...အဖြေတောင်းရင်လည်းတစ်ဖက်လူကအဖြေပေးချင်လောက်အောင်လေသံအေးအေးလေးနဲ့ပြောသင့်တယ်မလား...?
“အဟင်း...တွဲမယ်မလား..?”
အပြုံးလှလှတစ်ခုနဲ့ Jeon Jungkook ကသူ့ကိုဆွဲဆောင်ဖို့ လမ်းဖောက်နေသလိုပင်...ကိုယ့်ရင်ဘတ်ကိုကိုယ်ထိန့်လန့်တကြား နားစွင့်မိတော့ တုန်လှုပ် နေသည်....ရင်တွေဘာလို့ဗြောင်းဆန်အောင်ခုန်နေတာလဲ...? Jeon Jungkook အပြုံးတစ်ခုနဲ့သူကကျရှုံးတော့မှာလား..? Jeon Jungkook ကလျှို့ဝှက်နက်နဲတဲ့လက်နက်တွေနဲ့သူ့ဆီကအဖြေရဖို့ ထုတ်သုံးနေတာ…သူစိတ်ယိုင်သွားလို့မဖြစ်ဘူး…နည်းနည်းတော့အချိန်ဆွဲထားရမယ်။
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!