Part-5🔥

3.2K 417 208
                                    

Unicode;

ဒီနေ့တော့ ဆော့ဂျင်ကျောင်းနောက်ကျလို့ခါတိုင်းလေညှင်းခံထွက်သလိုမျိုး စက်ဘီးကိုအေးအေးဆေးဆေးနင်းပြီးလေညှင်းခံလာလို့
မရ...စက်ဘီးကိုအသားကုန်နင်းလာခဲ့သည်...

ကျောင်းတံခါးပိတ်သေးတာမြင်မှ
သူသက်ပြင်းချနိုင်တော့သည်...
တော်သေးတာပေါ့...ကျောင်းနောက်ကျရင် ​ကျောင်း​ရှေ့မှာမတ်တပ်ရပ်ပြီး သုံးသပ်နေရတတ်သည်....

ဆော့ဂျင်လက်မှာပတ်ထားသည့်နာရီကိုကြည့်မိတော့ သူကျောင်းလာတာ နည်းနည်းနောက်ကျနေသည်....ကျောင်းဂိတ်တံခါးကြီးပွင့်နေတာကြောင့် အထူးအဆန်းတော့ဖြစ်​​နေမိသည်...သူဒီနေ့ကံကောင်းတဲ့နေ့ထင်တယ်....

စက်ဘီးရပ်တဲ့နေရာတွေထဲ စက်ဘီးကိုသေချာရပ်ခဲ့ကာ သော့လေးကိုနှစ်ချက်လောက်ဝေ့ရမ်းရင်း စက်ဘီးသော့ကိုလွယ်အိတ်ဘေးအိတ်ထဲည့်လိုက်ပြီး သူတို့အတန်းဆောင်ရှိရာဆီသို့ဝင်လာခဲ့သည်....

လှေကားထစ်ကိုတစ်စ်ချင်းဆီတက်လာရင်း
သုံးထစ်မြောက်ရောက် ရုတ်တရက်ခေါင်းကရိပ်ခနဲဖြစ်သွားသည်...ခေါင်းကိုတစ်ချက်ခါရင်း လှေကားလက်ရင်းကို ဆုတ်ကိုင်ဖို့ပြင်ချိန်...

"အား..."

သူအလန့်တကြားအော်လိုက်မိပြီး လူတစ်ကိုယ်လုံးလန်ကြသွားသည်... သူလန်‌ကြတော့မှ လန့်ပြီး ခေါင်းမူးတာတောင်ပျောက်သွားသည်...

JEALOUS KING 🔥Where stories live. Discover now