Unicode;
အတန်းထဲအထိလိုက်ပို့မယ်ပြောနေတဲ့ Jeon Jungkook ကြောင့် ဆော့ဂျင်တောင်းတောင်းပန်ပန်နဲ့အတင်းပြန်လွှတ်လိုက်ရသည်...ဒါတောင် ခပ်လှမ်းလှမ်းကနေ Jeon Jungkook ကသူ့နောက်ကိုလိုက်လာသေးတာ...တကယ့်မလွယ်ကြော....
ထုံးစံအတိုင်းပဲ အခန်းထဲရောက်တော့ ဂျီမင်းကသူ့ကိုမြင်တာနှင့်တစ်ပြိုင်နက် အပြေးလာကာ သူ့ပခုံးကိုခိုစီးလာသည်...
ဆော့ဂျင်အတန်းလည်းစတော့မည်ဖြစ်တာကြောင့် သူ့ရဲ့ဖုန်းကိုပါဝါပိတ်ကာ အတန်းခေါင်းဆောင်ကိုပေးလိုက်သည်...အတန်းခေါင်းဆောင်က ပြုံးပြလာသည်မို့သူလည်းပြန်ပြုံးပြလိုက်သည်.. Jimin ကတော့ သူ့ပခုံးကိုခိုစီးကောင်းတုန်း....
"ငါနဲ့ Jeon Jungkook နဲ့တွဲနေပြီ.."
သူလေသံတိုးတိုးနဲ့ Jimin ကိုပြောလိုက်သည်..သူ့စကားကြောင့် ဂျီမင်းက သူ့ပခုံးပေါ်တင်ထားတဲ့လက်ကိုဖယ်ခွာလိုက်ပြီး သူ့ကိုပြူးကြည့်လာသည်...
သူလည်း သူထိုင်တဲ့ Role ရောက်နေပြီမို့ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်...Jimin;" Daebak !! တကယ့်သတင်းထူး...!!"
"ငါနိုင်ပြီပေါ့နော်.... "
ဖြောင်း...ဖြောင်း..
Jimin;" Congratulations...! ချစ်သူငယ်ချင်းကြီး..."
Jimin က လက်ခုတ်လက်ဝါးတီးပြီးတော့ကို သူ့ကိုဂုဏ်ပြုနေသည်.... သူ့ထက်တောင် Jimin ကပျော်နေသလိုပင်...သူ့ကိုတော်တော်လေး ရည်းစားရစေချင်နေပုံရသည်...
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!