Unicode;
“ဆော့ဂျင်....!”
“ဟေ...ဟင်...!”
ဆော့ဂျင်အတွေးပေါင်းစုံပျံ့လွှင့်နေတုန်းသူ့ပခုံးကို ဂျီမင်းလှုပ်ရမ်းတော့မှအသိစိတ်ဝင်လာတော့သည်... သူမဟုတ်တာတွေတွေးနေမိတာ... Jeon Jungkook ကဘယ်လောက်ပဲဆိုးအုံးတော့ လူတစ်ယောက်လုံးကိုဒီလိုဖြစ်အောင်တော့လုပ်လောက်မယ်မထင်ဘူး သူအတွေးပိုနေမိတာပဲ....
“အတန်းခေါင်းဆောင်သနားပါတယ်နော်...
ဘယ်လိုဖြစ်တာလဲမသိဘူး...”seokjin;“သူဆိုးဆိုးဝါးဝါးမဖြစ်လောက်ဘူးမလား... ”
“ခုနကပြောသံကြားတာ မြက်ခင်းပေါ်မှာ အတန်းခေါင်းဆောင်ကိုတွေ့တာတဲ့...တကယ်တော့လေ ငါမင်းကိုပြောစရာရှိတယ်...”
“အင်း…”
“ မင်းအတန်းထဲပြန်မလာခင်က အတန်းခေါင်းဆောင်ကို Jeon Jung Kook ကခေါင်မိုးပေါ်မှာစာရင်းရှင်းမယ်ဆိုပြီး လာကြမ်းသွားသေးတယ်....”
“ဘာ...!”
Jimin;“သူတို့ရန်ဖြစ်ခဲ့ကြ...”
သူတို့အတန်းထဲက မင်ဟွာရဲ့ စကားကြောင့် ဂျီမင်းစကားသံတွေပြတ်သွားသည်။
“ရားးး Deabak...! ငါတို့အတန်းခေါင်းဆောင်ပြုတ်ကြတာသွေးရိုးသားရိုးမဟုတ်ဘူး ဂျူနီယာတန်းခွဲ B ကကောင်လေးတစ်ယောက်မြင်လိုက်တယ်ပြောတာ တစ်ယောက်ယောက်နဲ့ရန်ဖြစ်ပြီး
တွန်းချခံလိုက်ရတယ်ဆိုလား..?”“ဘယ်သူနဲ့ရန်ဖြစ်တာလဲ... ငါတို့အတန်းကပဲလား...?”
“ဘယ်သူရှိရမလဲ Jeon Jung...”
ဆော့ဂျင်အဆက်မပြတ်ပြောနေတဲ့ကောင်လေးစကားကို သိလိုစိတ်နဲ့မျက်လုံးလှန်ကြည့်လိုက်တော့ ထိုကောင်လေးကလည်းသူ့ကိုကြည့်နေပြီးစကားတွေရပ်တန့်သွားသည်... သူလည်းထိုကောင်လေးကိုမကြည့်တော့ဘဲ မတ်တပ်ထရပ်ကာ Toilet ဘက်ထွက်လာခဲ့သည်....
YOU ARE READING
JEALOUS KING 🔥
Fanfictionခင်ဗျားနဲ့တခြားလူအကြည့်ချင်းတစ်စက္ကန့်ဆုံတာနဲ့ကျုပ်လူသတ်ချင်စိတ်ပေါက်နေပြီ!!!