Chapter 216

688 86 3
                                    

စာစဉ် 15 Chapter 216 ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်

*အတုတွေ*

ထိုအခိုက်တွင် လူတိုင်း အံ့ဩသွားကြပြီး ရဲ့လင်းချန်အား‌ သေသေချာချာ ကြည့်လာကြသည်။

ယနေ့တွင် ရဲ့လင်းချန်က Vatti အမှတ်တံဆိပ်ကိုသာ ဝတ်ဆင်ထားသည်။ သူသည် မိုးပြာရောင် ကုတ်အင်္ကျီနှင့် ဘောင်းဘီအပြင် အဖြူရောင် တီရှပ်ကို အထဲ၌ခံ၍ ဝတ်ဆင်ထားကာ တောက်ပြောင်နေသော အနက်ရောင် သားရေဖိနပ်ကို စီးထားသည်။ သူ၏ အရှိန်အဝါနှင့် တွဲဖက်လိုက်သောအခါ တခြားသူများအား အံ့အားသင့် သွားအောင် လုပ်နိုင်ပေသည်။

Vatti သည် နာမည်ကျော် ပြည်တွင်း တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ပြီး အလွန် ရေပန်းစားသည်။ ထို့ကြောင့် နေရာတိုင်း၌ အတုများ ရှိသည်က ပုံမှန်ပင်။

သို့ဖြစ်သော်ငြားလည်း ရဲ့လင်းချန်၏ အဝတ်အစားများက လက်ရာမြောက်ပုံ ပေါ်ပြီး လုံးဝ အတုပုံ မပေါက်ပေ။

"သခင်လေးဝူက ကျန်းနန် သားရေလုပ်ငန်းရဲ့ သားပဲ၊ ကျန်းနန် သားရေလုပ်ငန်းက Vatti ရဲ့ အကြီးဆုံး ကုန်ကြမ်း ထောက်ပံ့သူလေ၊ Vatti က အဝတ်အစားတွေကို သူ ကောင်းကောင်း သိတယ်၊ အဲ့တော့ သူက အတုလို့ ပြောရင် အဲ့တာ အတုပဲ ဖြစ်ရမယ်"

တစ်စုံတစ်ယောက်က ချက်ချင်း သံယောင်လိုက်သည်။

"ပြောသားပဲ၊ သူလို့ ငမွဲက ဘယ်လိုလုပ် Vattiရဲ့ အဝတ်အစားတွေကို ဝတ်နိုင်မှာလဲ၊ အင်း ... သူက ဒီကို လာနိုင်ဖို့ ကလိမ်ကျရုံတင်မကဘူး အဝတ်အစား အတုတွေပါ ဝတ်လိုက်သေးတယ်"

ဟဲယွမ်ကလည်း သရော်လေသည်။ သူက ရဲ့လင်းချန်အား ခနဲ့သော အကြည့်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးတွင် ရယ်မော လှောင်ပြောင်မှုတို့နှင့် ပြည့်နေသည်။

"ဒါ အစစ်လား အတုလားဆိုတာ မင်းတစ်ယောက်တည်းရဲ့ သဘောပေါ်မှာ မမူတည်ဘူး"

ရဲ့လင်းချန် ခေါင်းခါလိုက်သည်။

သူ့အိမ်တွင် Vattiမှ အဝတ်အစားများ အပုံလိုက်ပင်။ ဤဝတ်စုံကို ပွဲမစခင် ကျားတိက သူ့အား ပေးလာခြင်း ဖြစ်သည်။ အကယ်၍ ဤအဝတ်အစားသာ အတုဖြစ်ပါက ကမ္ဘာပေါ်မှ ဘယ် Vatti အဝတ်အစားကမှ အစစ် မဟုတ်တော့ပေ။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now