Chapter 342

582 51 2
                                    

စာစဉ် 23 Chapter 342 မာန်တက်နေသော ဒါရိုက်တာကျန်း

ရဲ့လင်းချန်၏ အပြုအမူက ချက်ချင်း လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

"မစ္စတာဝိုင်၊ ရှင် တကယ် မစားဘူးလား"

"ငါ ညစာကို စောင့်နေတာ"

ရဲ့လင်းချန် ပြောလိုက်သည်။

"ဝိုင်၊ မင်း တာဝန်ကို ပြီးအောင်လုပ်ဖို့ အသင့်ဖြစ်ပြီလား၊ ငါတို့မှာ ဆန်၊ ကန်စွန်းဥနဲ့ ပေါင်မုန့် ရှိတယ်၊ မင်း ကံကောင်းရင် ပြောင်းဖူးတောင် ရနိုင်တယ်"

ကျန်းယုံက ဆွဲဆောင်လေသည်။ သို့သော် ရဲ့လင်းချန်က ငြင်းဆန်မြဲ ငြင်းဆန်၏။ သူက ငါးပါးနီခြောက်နှင့်အတူ တောနက်ထဲသို့ လျှောက်သွားသည်။

*ဟမ်*

အားလုံး အနည်းငယ် အံ့ဩသွားကြသည်။

*ဒါ ဘာသဘောလဲ*

ကင်မရာသမားက ရဲ့လင်းချန်အနောက်သို့ လိုက်သွားနေလေပြီ။ အခြားသူများက အချင်းချင်း ပြန်ကြည့်လိုက် ပြီးနောက် သိချင်စိတ်ဖြင့် အနောက်မှ လိုက်သွားကြသည်။

"ဝိုင် ကျွန်မတို့ ဘယ်သွားနေတာလဲ"

ချန်ရှောင်ယန် မမေးဘဲ မနေနိုင် ဖြစ်နေလေသည်။ သူမသည် အာနယ်လ် ယူလာသော အာလူးကြော်ပြားကို ကိုင်ထားဆဲ ဖြစ်သော်လည်း ရဲ့လင်းချန်က မစားသဖြင့် သူမ မစားပေ။

"မင်း အသားစားချင်လား"

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

*အသားစားမလို့လား*

အားလုံးက ရဲ့လင်းချန်ကို တအံ့တဩ ကြည့်နေကြသည်။ သူတို့ သေချာပေါက် အသား စားချင်ပါသည်။ သို့သော် ... ဤနေရာ၌ သူတို့ ဘယ်မှာ ဘယ်အသားကို သွားရှာရပါမည်နည်း။

*ဒါရိုက်တာတောင်မှ အသားရအောင် မလုပ်နိုင်ဘူး မဟုတ်လား*

"ဟုတ်တယ်၊ မစ္စတာဝိုင် ကျွန်မ အသားစားချင်တယ်"

အာနယ်လ်က ချက်ချင်း ဝင်ပြောလာပြီး ဆက်ပြောလေသည်။

"ရှင် အသားကို တိတ်တိတ်လေး သယ်လာတာလား"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now