Chapter 309

515 48 0
                                    

စာစဉ် 21 Chapter 309 ငါ မခံနိုင်ဘူး၊ ငါ့မျက်လုံးတွေ ကန်းတော့မယ်

"ကတောင် ကတောင်"

ထိုစဉ် ရှောင်ဖေးဖေး၏ ဖုန်းက အသံမြည်လာသည်။

"လင်းချန်ပဲ"

ရှောင်ဖေးဖေး၏ မျက်လုံးများက တောက်ပသွားပြီး ချက်ချင်း စာကို ဖွင့်ဖတ်လိုက်သည်။

"သူ တကယ် ဇာတ်ညွှန်းရေးပြီးသွားပြီပဲ"

"သုံးရက်ထဲနဲ့ သူ ဇာတ်ညွှန်းကို တကယ် ပြီးသွားတာလား"

အစ်မလင်းက တအံ့တဩ ပြောသည်။

"အရည်အသွေးက ဘယ်လိုနေမလဲ မသိဘူး"

"ဆိုးမှာတော့ မဟုတ်ပါဘူး"

ရှောင်ဖေးဖေးသည် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။ သူမက ရဲ့လင်းချန်၏ ဇာတ်ညွှန်းကို အလျင်အမြန် ပရင့်ထုတ်၍ အစ်မလင်းနှင့်အတူ အပြန်ပြန် အလှန်လှန် ဖတ်လိုက်သည်။

သူတို့ စဖတ်လိုက်ကတည်းက အရယ်မရပ်တော့ဘဲ ဇာတ်ညွှန်းထဲ၌ လုံးလုံး နစ်မြုပ်နေကာ တစ်ဝက်တစ်ပျက်နှင့် မရပ်လိုက်နိုင်ပေ။ သူတို့ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသည့်အခါတွင်မှ ဖတ်နေခြင်းကို ရပ်လိုက်နိုင်၏။

"ဒီဇာတ်ညွှန်းက ... မြတ်စွာဘုရား၊ လုံးဝ ပေါက်မှာ သေချာတယ်"

အစ်မလင်း ပင့်သက်ရှိုက်မိသွားသည်။ သူမသည် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းထဲမှ ဇာတ်ကွက်များကို ပြန်စဉ်းစားမိပြီး ယခုအထိ ရယ်ချင်နေသလို ခံစားနေရသည်။

ရှောင်ဖေးဖေးသည် ရုပ်သံဇာတ်လမ်းတွဲများ၏ ဘုရင်မ ဖြစ်သည်။ သူမတို့၏ ရုပ်ရှင်ဇာတ်လမ်းအပေါ် သိမြင်နိုင်စွမ်းက မည်သည့် ဒါရိုက်တာနှင့်မဆို ယှဉ်နိုင်ပေသည်။ ဤတိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ဇာတ်ညျွန်းသည် တကယ်ပင် အရေးအသား ကောင်းပြီး လက်ရာကောင်းတစ်ခုဟု သတ်မှတ်နိုင်ပေ၏။

"ဒါက ကြည်နူးစရာ ကောင်းပြီးတော့ ရယ်ရတဲ့ ဇာတ်လမ်းတွဲပဲ"

ရှောင်ဖေးဖေးက ရဲ့လင်းချန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိသော်လည်း ဇာတ်ညွှန်းကို မြင်သောအခါ သူမ ထိတ်လန့်သွားရပါသေးသည်။ ဤဇာတ်ညွှန်းက သူမ ဖတ်ဖူးသမျှ ဇာတ်ညွှန်းအားလုံးထက် သာသည်ဟုပင် သူမ ခံစားမိသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now