Chapter 271

641 49 3
                                    

စာစဉ် 19 Chapter 271 စကားစစ်ပွဲ: ရိုးရာစာရေးသူများ၏ တန်ပြန်တိုက်ခိုက်မှု

"ဘာ၊ အဲ့လူက ပြန်ပြောရဲတယ်လား"

လူတိုင်း တစ်ယောက်တစ်ပေါက် အော်ဟစ်လာကြသည်။

ဝမ်ယွင်က နတ်ဘုရားများကို သုတ်သင်ခြင်း၏ အကြောင်းကို အသေးစိတ် မှတ်ချက်ပြုပြီးနောက် ဟုန်ယန်သည် တစ်ခွန်းပင် ပြန်မပြောရဲခဲ့ချေ။ ထို့နောက်တွင် ပိုစ့်မှတ်ချက်များသည် နတ်ဘုရားများကို သုတ်သင်ခြင်းအား အားပေးကြသဖြင့် တစ်ဖက်သတ် ဖြစ်လာခဲ့သည်။

ပြီးသွားပြီဟု အားလုံး ထင်နေကြချိန်တွင် ဟုန်ယန်က ထပ်မံ၍ ထွက်လာပြန်သည်။

[ဟီးဟီး၊ ဆရာတပည့် ဆက်ဆံရေးကိုး၊ ငါ သဘောပေါက်ပြီ၊ တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ၊ ပီကင်းတက္ကသိုလ်က သူတို့ ကလေးတွေကို အသည်းအသန် ကာကွယ်တယ်လို့ ငါ အမြဲ ကြားခဲ့ဖူးတာ၊ ဒီနေ့ ငါ အဲ့ဒါကို တကယ် တွေ့လိုက်ရပြီ၊ ကြားထားတဲ့ သတင်းအတိုင်းပါပဲာလး၊ ကျောင်းသားက ဒီလို အနှစ်သာရ မရှိတဲ့ လက်ရာကို ရေးတယ်၊ ဒါပေမဲ့ ဆရာက ရှက်ရမယ့်အစား ဂုဏ်ယူနေတယ်၊ ဒါက ငါတို့နိုင်ငံရဲ့ ထိပ်တန်းအဆင့် တက္ကသိုလ်တဲ့လား၊ စိတ်ပျက်စရာကောင်းသလို ဝမ်းနည်းဖို့ ကောင်းလိုက်တာ]

ထိုစကားက အလွန်အမင်း ရင့်သီးကာ ဆိုးရွားလှသည်။ ၎င်းကို ဖတ်ပြီးသည်နှင့် လူတော်တော်များများ မျက်မှောင်ကြုတ်သွားကြသည်။

ထို့အပြင် ထိုစကားက အလွန် ရန်ဆွပေးနေသဖြင့် မလိုတမာစိတ် များလှသည်ဟု ဆိုရပေမည်။

ရဲ့လင်းချန်သည်လည်း ဟုန်ယန်၏မှတ်ချက်ကို ကြည့်ပြီးနောက် မျက်နှာ မည်းမှောင်သွားသည်။

"ချီးပဲ၊ ဒီအရူးကများ၊ ငါတို့ ပီကင်းတက္ကသိုလ်ကို အသရေပျက်အောင် ပြောရအောင် သူက ဘာမို့လို့လဲ"

"ဒီဟုန်ယန်ရဲ့ အတ္တက ချဲ့ကားတာလား ဘာလားပဲ၊ တရားဝင်မဟုတ်တဲ့ ကောင်စီအဖွဲ့ဝင်ဆိုတဲ့ ရာထူးကြောင့် သူ မာန်တက်နေတာလား"

"နတ်ဘုရားများကို သုတ်သင်ခြင်းက အနှစ်မရှိဘူး ဟုတ်လား၊ သူ့ဘယ်မျက်လုံးတွေက အဲ့လို မြင်တာလဲ"

ကျုပ်က ပါရမီရှင် (Chapter 201-400)Donde viven las historias. Descúbrelo ahora