စာစဉ် 18 Chapter 263 အလွန်အကြူး ဟိတ်ဟန်ထုတ်ပြခြင်း
ဈေးများက ထင်ထားသည်ထက် ကျော်လွန်နေသောအခါ လူတစ်ယောက်က ရယ်မောမိအောင် လှုံ့ဆော်လာပြီး သူတို့၏ စိတ်ဖိစီးမှုကို သက်သာရာ ရသွားစေသည်။ လူတစ်ချို့ဆိုလျင် စိတ်အခြေအနေ မကောင်းပါက ဤနေရာသို့ လာကြပြီး ဈေးများကို ကြည့်ကာ သူတို့ကိုယ်သူတို့ စိတ်ဖြေဖျောက်ကြသည်။
အဝတ်လေးတစ်ထည်က ယွမ်သုံးသောင်းဖြစ်ကြောင်း ရှုကျန်း သိလိုက်ရသောအခါ လုံးဝ ကြက်သေ သေသွားလေသည်။ သူမ ထိပင်မထိရဲတော့ဘဲ သုံးယောက်သား ပြုံး၍ ထွက်လာသည်။
"ခုနက အဝတ်အစားတွေကလေ၊ ဘာအမျိုးအစားနဲ့ လုပ်ထားလို့ အဲ့လောက် ဈေးကြီးနေရတာလဲ"
ရှုကျန်း အလန့်တကြား မေးလာသည်။
"အမေ အဲ့အဝတ်အစားတွေက ဈေးကြီးရုံတင် မကဘူး၊ လျှော်လို့မရနိုင်တဲ့ အဝတ်အစားတွေ၊ များသောအားဖြင့် တစ်ခါပဲ ဝတ်ကြတာ"
ရဲ့လင်းချန် ပြန်ဖြေလိုက်သည်။
"တစ်ကြိမ်တည်း ဝတ်ဖို့ သုံးသောင်းတောင် သုံးရမှာလား"
ရှုကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ဆင်းရဲတာက ငါ့အတွေးအမြင်ကို ကန့်သတ်သွားတာပဲ"
တစ်ခဏမျှ ငြိမ်နေပြီးနောက် ရှုကျန်းက စိုးရိမ်တကြီး ပြောသည်။
"သား ဒီကနေ ဘာအဝတ်အစားမှ မဝယ်နဲ့၊ သား ချမ်းသာလာရင်တောင်မှ ဒီလိုမျိုး သုံးဖြုန်းလို့ မသင့်ဘူး"
ရဲ့ကျင်းကလည်း ခေါင်းညိတ်သည်။
"မင်း အခု ပိုက်ဆံ ရှာနိုင်မှန်း သိတယ်၊ ဒါပေမဲ့ အရင်တစ်ခါလိုတော့ ပိုက်ဆံကို ဖြုန်းမနေနဲ့၊ မင်း ဝယ်ပေးတဲ့ ရွှေစီးကရက် သောက်တံက အခုထိ အိမ်မှာပဲ၊ အဲ့ဒါက အသုံးမဝင်ဘူး"
ရဲ့လင်းချန် ဝယ်ပေးသော ရွှေစီးကရက် သောက်တံနှင့် လည်ဆွဲကို တွေးမိတိုင်း ရဲ့ကျင်းနှင့် ရှုကျန်းတို့ စိတ်ပူပန်ကာ နှုတ်ခမ်းများ မဲ့သွားသည်။
ဈေးကြီးသော အဝတ်အစားများကို ကြည့်ရန် ရဲ့လင်းချန် သူတို့ကို ခေါ်လာခဲ့သောနေရာက သူတို့အတွက် အလွန် အံ့ဩသွားစေသည့် နေရာပင်။ ထို့ကြောင့် သူတို့က သူ ပိုက်ဆံကို ထင်ရာမြင်ရာ လျှောက်သုံးမည်ကို စိုးရိမ်လာကြသည်။
YOU ARE READING
ကျုပ်က ပါရမီရှင် (Chapter 201-400)
FantasyDisclaimer: I don't own this story! I'm just translating this book. All full credit to Original Author!! English Title : I am a prodigy Original author: Rugao Under The Bridge Original Chapter: 795 (Completed) ⚠️This is not BL⚠️