Chapter 297

637 56 0
                                    

စာစဉ် 20 Chapter 297 ရဲ့လင်းချန်၏ နည်းလမ်းများ

"အားလုံးပဲ ငါ့မျက်နှာနဲ့ လည်ပင်းကို ကြည့်ကြပါဦး"

လူလတ်ပိုင်းအရွယ် အမျိုးသမီးက သူမလည်ပင်းကိုဆန့်၍ လူအုပ်ကြီးကို ပြလေသည်။

လူအုပ်ကြီးသည် လှမ်းကြည့်ပြီးနောက် ခေါင်းခါယမ်းကာ ဆိုင်အား ဆက်၍ ဝေဖန်အပြစ်တင်ကြသည်။

ကျန်းယွင်ရှီသည် တံခါးရှေ့၌ ရပ်နေပြီး စိတ်ရှုပ်ထွေးနေပုံရကာ သူမကိုယ်သူ ကာကွယ်ပြောဆိုရန် ကြိုးစားနေ၏။

"မဒမ်၊ ကျွန်မတို့ဆိုင်က တရားဝင် ကုန်ပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်၊ ကျွန်မတို့မှာ ဝယ်ထားတဲ့အမှာစာတွေ ရှိပါတယ်၊ ရှင် ကြည့်ကြည့်လို့ ရပါတယ်"

ကျန်းယွင်ရှီ၏ အနောက်၌ လှပသော မိန်းကလေး နှစ်ယောက် ရှိနေပြီး သူမနှင့် အသက်ရွယ်တူလောက်ပင်။ သူမတို့အား ဆိုင်အတွက် ခန့်ထားခြင်း ဖြစ်လေသည်။

သူမတို့သည်လည်း လူအုပ်ကြီးအား ရှင်းပြန်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။

"ဟင်းဟင်း တရားဝင်တယ် ဟုတ်လား၊ ကုန်ပစ္စည်း အမှာစာလေးကို ကြည့်ပြီး တရားဝင်တယ်လို့ သတ်မှတ် ရမှာလား"

လူလတ်ပိုင်းအရွယ် အမျိုးသမီးက ခပ်မာမာ ပြန်ပြောသည်။ သူမက ကျန်းယွင်ရှီကို အေးစက်စွာ ကြည့်နေ၏။

"မိန်းကလေး၊ နင် ဒီလိုဆိုင်မျိုးကို ဦးစီးနေပြီးတော့ လိပ်ပြာကော လုံရဲ့လား၊ တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ ပိုက်ဆံ ရှာဖို့ ကြိုးစားချင်တာလား၊ နင် ဝဋ်လည်မှာကို မစိုးရိမ်ဘူးလား"

"ငါ မိတ်ကပ်ကို နှစ်ပေါင်းများစွာ သုံးလာပင်မယ့် ဒီလို အခြေအနေမျိုး မကြုံခဲ့ဖူးဘူး၊ နင့်ပစ္စည်းတွေက တရားဝင် ဟုတ်၊ မဟုတ် ငါ မပြောနိုင်ဘူးလို့များ ထင်နေလား"

"မလိုတာတွေ ပြောမနေနဲ့၊ ငါ လျော်ကြေး လိုချင်တယ်"

လူလတ်ပိုင်းအရွယ် အမျိုးသမီးဘေးမှ မျက်နှာပြဲပြဲနှင့်လူက ဝင်ပြောလာသည်။

"စိတ်ဒဏ်ရာရစေတာ၊ ရိုက်စားလုပ်တာ ပြီးတော့ သူ့မျက်နှာကို ပျက်စီးစေတာ၊ အနည်းဆုံးတော့ မင်း ငါတို့ကို ယွမ်နှစ်သိန်း ပေးရမယ်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now