Chapter 394

442 35 1
                                    

စာစဉ် 27 Chapter 394 တွေ့ဆုံနှုတ်ဆက်ခြင်း

ဝမ်ရုံနည်းပညာက သံသယ ဝင်စရာ မလိုလောက်အောင် နာမည်ကြီးလာ၏။

သူတို့၏ လက်ရှိ ကျော်ကြားမှုက ယခင် ကျော်ကြားမှုထက် မနိမ့်ပေ။ ၎င်းက တကယ့် နည်းပညာ ဆင့်ကဲ တိုးတက်မှုကြီး ဖြစ်ပေသည်။

ယခုအချိန်၌ သတင်းမီဒီယာတိုင်းက ဝမ်ရုံ နည်းပညာနှင့် ပတ်သက်သော သတင်းများကို ရေးနေကြပြီး ရှောင်ယွင်က ဉာဏ်ရည်မြင့် စက်ရုပ်များ၏ ထိပ်၌ ရပ်တည်နေသည်ဟု ဆိုကြသည်။

"ထိတ်လန့်စရာပဲ၊ ဉာဏ်ရည်မြင့် စက်ရုပ်တွေရဲ့ အစသစ်ပါလား"

"ဝမ်ရုံ နည်းပညာက အပြီးပြည့်စုံဆုံး သန့်ရှင်းရေး စက်ရုပ်ကို ဖန်တီးခဲ့တယ်"

"ထိတ်လန့်စရာ ကောင်းတဲ့ ကံကြမ္မာ အပြောင်းအလဲပဲ၊ ဝမ်ရုံ နည်းပညာ ပြန်ဦးမော့လာခဲ့ပြီ"

"တစ်ရက်တည်းနဲ့ သန်းသုံးရာ ‌ရောင်းချနိုင်ခဲ့တယ်၊ ဒါက အသစ် တည်ထောင်ခါစက နည်းပညာ ကုမ္ပဏီတဲ့"

သတင်းခေါင်းစဉ် ပေါင်းစုံတို့ဖြင့် ပြည့်နှက်လာပြီး ပြည်တွင်းသာမက ပြည်ပကပါ စိတ်ဝင်စားလာသည်။ နည်းပညာသည် တစ်ကမ္ဘာလုံး၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုပင်။

အင်တာနက်ပေါ်တွင် အပူတပြင်း ပြောဆိုနေကြပြီး ရပ်မည့် လက္ခဏာ မပြချေ။

[ငါ ရှောင်ယွင် တစ်ခု ဝယ်ခဲ့ပြီးတော့ သုံးကြည့်လိုက်တာ၊ သုံးရတာ လွယ်လွန်းလို့ အံ့တောင် အံ့ဩမိတယ်၊ ဟားဟားဟား ...]

[တကယ်ကို အဆင်ပြေတယ်၊ ငါ့အိမ်က သုံးထပ်တိုက် ပြီးတော့ နေရာကလည်း ကျယ်တယ်၊ ရှောင်ယွင်နဲ့မှ ကိစ္စတွေက ပိုလွယ်သွားတာ၊ အဲ့ဒါက လှေကားတွေကိုတောင် တိုက်လိုက်သေးတယ်၊ ငါ သဘောကျတယ်]

[အပေါ်ကလူ၊ မင်းချမ်းသာတာကို ကြွားနေတာက ရှက်ဖို့ကောင်းတယ်၊ ငါ ရှောင်ယွင် သုံးခုတောင် ဝယ်ခဲ့တာ၊ မဟုတ်ရင် ငါ့အိမ်က တစ်နေ့တည်းနဲ့ သန့်ရှင်းသွားမှာ မဟုတ်ဘူး]

[ဟဲဟဲ ငါ ရှောင်ယွင်ကို သဘောကျပါတယ်၊ ဒါပေမဲ့ မဝယ်ဘူး ဘာလို့လဲဆိုတော့ ငါ့မှာ အိမ်တစ်လုံး မရှိလို့ပဲ ...]

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now