Chapter 285

623 50 0
                                    

စာစဉ် 19 Chapter 285 သင်္ချာဌာနထံမှ အထင်သေးခံရခြင်း

သုံးပြည်ထောင်အား လေ့လာခြင်းမှ ရလဒ်များသည် ရဲ့လင်းချန် မှန်းထားသည်ထက်ပင် ကျော်လွန်နေ၏။ တစ်ဟုန်ထိုး မြင့်တက်လာသော ရေပန်းစားမှုက အံ့ဩစရာ ကောင်းလှပြီး မီးအိမ်မှုတ်တစ္ဆေထက်ပင် ကျော်လွန် နေသေးသည်။

ထပ်မံ၍ တွေးကြည့်မည်ဆိုလျင် မီးအိမ်မှုတ်တစ္ဆေက ကောင်းမွန်သော်လည်း လူအများထံမှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံခြင်း မခံရပေ။ ထူးခြားဆန်းကြယ် ဝတ္ထုများနှင့် သမိုင်းကြားတွင် ခြားနားမှုကြီး တစ်ခု ရှိပေသည်။ သူ၏ သုံးပြည်ထောင်အား လေ့လာခြင်းသည် စံထားစရာအဖြစ် နိုင်ငံမှ အသိအမှတ်ပြုခြင်း ခံရလေသည်။

စနစ်ထဲသို့ ဝင်လိုက်သည်နှင့် ယခုအတောအတွင်း စုဆောင်းထားမိသည့် ရေပန်းစားမှုအမှတ်က ၂၀,၀၀၀ မှ ၈၉,၅၆၈ သို့ မြင့်တက်သွားသည်။ တစ်သိန်းသို့ရောက်ရန် သိပ်မကြာတော့ချေ။

မကြာခဏ လှိုင်းထန်အောင် ပြုလုပ်ခြင်းက ရေပန်းစားမှု တိုးလာစေရန် အလွန် အထောက်အကူ ဖြစ်စေသည်။

သူ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ အချိန်ကား ကိုးနာရီ ဆယ်မိနစ်သာ ရှိသေးပြီး ရဲ့လင်းချန်တွင်လည်း အခြား လုပ်စရာ မရှိသေးသဖြင့် ဂိမ်းလောကထဲ ဝင်ရန် ဆုံးဖြတ်လိုက်သည်။

သူ Wechat စကားပြောခန်းထဲ ဝင်လိုက်ပြီး ဂိမ်းတင်ဆက်သူများ အဖွဲ့ထဲ၌ စကား စလိုက်သည်။

"ကြိုဖွဲ့ထားတဲ့အဖွဲ့လေး ဘာလေး မရှိဘူးလား"

ယခင်က ရဲ့လင်းချန်၏ အကြံပေးချက် အပြီးတွင် စုန့်ချမ်က ချက်ချင်း အကောင်အထည် စဖော်လေသည်။ သူသည် ဂိမ်းတင်ဆက်သူများအား ညတိုင်း အချိန်တစ်ခုသတ်မှတ်၍ အဖွဲ့များ ကြိုဖွဲ့ကာ ပရိသတ်များ၏ အာရုံကို ဆွဲဆောင်ရန် အားပေးလေသည်။

ထိုသို့ပြုလုပ်ခြင်းက အာရုံစိုက်ခံရပြီး ပရိသတ်များကြား၌ ပြောဆိုဆွေးနွေးစရာ ခေါင်းစဉ်ကောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပေမည်။ ဂိမ်းထဲ၌ တင်ဆက်သူများ အချင်းချင်း ရန်ဖြစ်ပြီး တစ်ခါတရံ အချင်းချင်း အပြစ်တင်နေသည်ကို ကြည့်ရခြင်းက တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now