Chapter 307

520 44 0
                                    

စာစဉ် 21 Chapter 307 အားပြင်းသော ရိုက်ချက်

တစ်ခဏမျှ အုတ်အော်သောင်းတင်း ဖြစ်သွားပြီးနောက် ထိုလူသုံးယောက်သည် ကြမ်းပြင်ပေါ်၌ ညည်းတွား နေလေသည်။

ဟူရီဖေးသည် အခြေအနေကို မသိကျိုးကျွန်ပြု၍ ဘုရင်မတစ်ပါးကဲ့သို့ အေးစက်စက်အကြည့်ဖြင့် ကြည့်နေသည်။

"အမှိုက်ကောင်တွေ၊ ငါ နင်တို့နဲ့ ထပ်တွေ့လို့ကတော့ ပန်းတွေက ဘာလို့ နီနေတာလဲဆိုတာ သိအောင် လုပ်ပေးလိုက်မယ်"

သုံးယောက်သား ဒယိမ်းဒယိုင်ဖြင့် ထလာပြီး ဟူရီဖေးအား ကြောက်လန့်တကြား ကြည့်လေသည်။

"မင်း ဒီမှာ စောင့်နေလိုက်၊ ငါတို့ အားကစား အကယ်ဒမီကလူတွေ အဲ့လောက် လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူး"

ထိုသို့ပြောပြီး သုံးယောက်လုံး ချက်ချင်း ပြေးထွက်သွားသည်။

"ဝါးးးး အစ်မရီဖေးက မိုက်လိုက်တာ၊ ကျွန်မကိုလည်း သင်ပေး၊ ကျွန်မကိုလည်း သင်ပေးပါ၊ အဲ့ဒါမှ နောက်ဆို ကျွန်မ လုရှောင်ပုကို ဆုံးမလို့ရမှာ"

ချန်မိန်ကျားက စိတ်လှုပ်ရှားလွန်း၍ ဟူရီဖေး၏ ပေါင်ကို ဖက်ထားမတတ် ဖြစ်နေလေသည်။

"နင်ကလား၊ အဲ့အကွက် မပြောနဲ့ ဆယ်ခါချတောင် ငါ့ရဲ့ ဗုဒ္ဓလက်ဝါးကို နိုင်မှာ မဟုတ်ဘူး"

လုရှောင်ပုက ပြန်ချေပသည်။

ချန်ချီချီက ရဲ့လင်းချန်အနားသို့တိုး၍ ကြောက်ရွံ့စွာ တီးတိုးပြောပြလေသည်။

"ရီဖေးက တိုက်ကွမ်ဒို သင်ထားတာလေ၊ ပြီးတော့ သူက ခါးပတ်နက်ရထားတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ၊ သူက အရမ်း ကြမ်းတာ၊ ငါတို့တစ်ခန်းလုံးကို အကြောက်တရားနဲ့ စိုးမိုးနေတာ၊ သူက သာမန်လူတွေ သွားရန်စလို့ ရတဲ့သူ မဟုတ်ဘူး"

"ချန်ချီချီ၊ နင် မစ္စတာရဲ့ရှေ့မှာ ငါ့အကြောင်း အတင်းတုပ်နေတာလား"

ဟူရီဖေးက အံကြိတ်၍ အေးစက်စက် အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ချန်ချီချီ ကြောက်လန့်ကာ လှုပ်ပင် မလှုပ်နိုင်တော့ချေ။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now