Chapter 388

374 29 0
                                    

စာစဉ် 26 Chapter 388 သူတို့ မင်းကို ဖြတ်ရိုက်ရင် မင်း သူတို့ကို ပြန်ချလိုက်

"ဂလု၊ ဂလု"

အံ့ဩဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်နေလေသည်။ လူတစ်စုသည် လက်ထဲ၌ ယာဂုပန်းကန်ကို ကိုင်၍ မြည်းကြည့်နေကြသည်။ ထို့အပြင် သူတို့၏ မျက်နှာတွင် ပျော်ရွှင်ဝမ်းမြောက်မှုတို့နှင့် ပြည့်နှက်နေ လေသည်။

အကယ်၍ သူတို့၏ အမူအရာကို တစ်ယောက်ယောက်ကသာ ဓာတ်ပုံရိုက်ထားပါက အစားအသောက် ကြော်ငြာအတွက် အလွန် အကျိုးရှိမည်မှာ သေချာလှသည်။

*ဒါက ... တကယ်ပဲ အဲ့လောက် အရသာ ရှိတာလား*

ကျောက်လင်းရင်၏ အတွေးထဲ၌ ဗလာ ဖြစ်နေသည်။ သူမအရှေ့မှ လူများအားလုံးသည် အနုပညာ လောကတွင်း၌ အောင်မြင်နေသော လူများ ဖြစ်သော်လည်း ယာဂုတစ်ပန်းကန်က သူတို့ကို ထိုသို့ ဖြစ်အောင် လုပ်လိုက်သည်တဲ့လား။

အမြဲတမ်း တည်ငြိမ်ပါသည်ဟူသော အစ်မ ဖေးဖေးပင် ဣန္ဒြေမဆည်နိုင် ဖြစ်နေသည်။ အစ်မဖေးဖေး တစ်ယောက် ထိုသို့ သူမပုံရိပ်နှင့် မလိုက်ဖက်အောင် စားသောက်သည်ဟု သူမ တစ်ခါမှ မမြင်ဖူးပါ။

သို့သော် ထိုသို့သောအချိန်၌ ... အားလုံး၏ အကြည့်က သူမထံသို့ သို့မဟုတ် သူမလက်ထဲမှ ယာဂုပန်းကန်ထံသို့ တစ်ချိန်တည်း ကျရောက်လာလေသည်။

ကြီးမားသော ဖိအားက သူမအား အားမရှိစွာ ခေါင်းပုသွားစေပြီး နောက်သို့ နှစ်လှမ်း ဆုတ်လိုက်မိသည်။

"ရင်အာ ရှင့်မှာ အစာမစားနိုင်တဲ့ ရောဂါ ရှိနေတာပဲ၊ ပြီးတော့ ရှင် မစားချင်ရင် ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအား

မပေးပါနဲ့၊ ကျွန်မ ရှင့်အတွက် ကူစားပေးပါ့မယ်"

ချန်မိန်ကျားသည် လက်ကိုမြှောက်လာပြီး အသည်းအသန် လှမ်းယူလေသည်။

"မိန်ကျား၊ မင်းက မိန်းကလေးလေ၊ မင်း ခန္ဓာကိုယ်ကို ထိန်းထားမှ ဖြစ်မှာပေါ့၊ ဒီလိုကိစ္စမျိုးကို ငါပဲ လုပ်လိုက် ပါ့မယ်"

လုရှောင်ပုက ချက်ချင်း ပြောလာသည်။

"မင်းစကားက မှားနေတယ်၊ အနုပညာ နယ်ပယ်က မင်းတို့ ယောက်ျားလေးတွေလည်း ခန္ဓာကိုယ်ကို ထိန်းသင့်တယ်၊ ငါ့အထင်တော့ ဒီယာဂုကို ငါ စားလိုက်တာ ပိုကောင်းတယ်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now