Chapter 266

649 65 5
                                    

စာစဉ် 18 Chapter 266 အကျင့်စရိုက်

"စိတ်မကောင်းပါဘူး၊ မင်း အတွေးလွန်နေပြီ"

ရဲ့လင်းချန်၏ တည်ငြိမ်သော အသံက လွီချီ၏ စိတ်ကူးယဉ်မှုကို ချိုးဖျက်သွားသည်။

"ဟင်းဟင်း၊ တောသားလေး၊ နင်က ဘာသိလို့လဲ"

လွီချီက ရဲ့လင်းချန်အား အထင်အမြင်သေးစွာ ပြုံး၍ ကြည့်နေသည်။

ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာ၏။

"သူက မဟာမြို့တော် စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပဲ"

လွီယန်၏ အသံက ထစ်ငေါ့နေပြီး အလွန် စိတ်လှုပ်ရှားနေ၏။ သူ့နှုတ်ခမ်းများက အနည်းငယ် ခြောက်သွေ့နေပြီး အလွန်အမင်း စိုးရိမ်တုန်လှုပ်နေသည်။

မဟာမြို့တော် စားသောက်ဆိုင်ပိုင်ရှင်နှင့် ရင်းနှီးသည်ဟု သူ အစောပိုင်းက အခိုင်အမာ ပြောခဲ့သော်လည်း ယင်းက သူများ အထင်ကြီးအောင် ဖြီးဖြန်းခဲ့ခြင်းသာ။

မြို့တော်တစ်ခုလုံးမှ လူတိုင်းသည် ဆိုင်ရှင်၏ အကျင့်စရိုက်ကို သိကြသည်။ ပိုက်ဆံရှိသည့်အပြင် အရေးအကြီးဆုံး ကိစ္စက သူ့၌ ရှိသော အဆက်အသွယ်များပင်။

မြို့တော်မှ အရေးပါသော ပုဂ္ဂိုလ်များအားလုံး ဤနေရာ၌ စားသောက်ကြသည်ဟု ဆိုနိုင်ပေသည်။ ဤနည်းအားဖြင့် စားသောက်ဆိုင်ပိုင်ရှင်၏ အဆက်အသွယ်များက ရှိန်စရာကောင်းသည်ဟု ပြောရပေမည်။ သူ့နောက်ခံက မည်မျှ အင်အားတောင့်လဲ ဘယ်သူမှ မသိပေ။

"အဖေ၊ အခုထိ သမီးကို ဖုံးကွယ်ထားဦးမလို့လား"

လွီချီ ပါးစပ် အဟောင်းသား ဖြစ်နေသည်။

"စားသောက်ဆိုင်ရဲ့ သူဌေးကြီးတောင်မှ ကိုယ်တိုင် လာတာလား"

"သူက လန်ကျွင်းပဲ၊ သူဌေးကြီးလန်ပဲ"

စွန်းဟုန်သည်လည်း အံ့ဩနေသည်။ သူတို့သုံးယောက်သား ရင်တဒိန်းဒိန်းခုန်ကာ ထရပ်လိုက်ကြသည်။

"အမေ၊ အဖေ၊ သူတို့ကို မသိချင်ယောင်ဆောင်ထားလိုက်၊ ဒီအတိုင်း ကျွန်တော်တို့ စားစရာ ရှိတာကိုသာ စားရအောင်"

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now