Chapter 308

519 49 0
                                    


စာစဉ် 21 Chapter 308 မင်း ဘာလို့ မစိုးရိမ်တာလဲ

လူအယောက် နှစ်ဆယ်က ကြမ်းပြင်ပေါ်၌ လူးလှိမ့်နေပြီး မျက်နှာပေါ်တွင် နီရဲနေသော လက်ဝါးရာက ထင်းနေ လေသည်။

သူတို့အားလုံးက ရဲ့လင်းချန်ကို ကြောက်လန့်တကြား ကြည့်နေကြပြီး သူ့အနား မကပ်ရဲကြချေ။

ဤသို့သော အခြေအနေမျိုး၌ ရဲ့လင်းချန်သည် ရန်မစသင့်သော ဆရာတစ်ယောက်ဖြစ်ကြောင်း အရူးပင် သိပေသည်။

ဤမျှ လူအများကြီးကို အမှောက်သိပ်နိုင်စွမ်း ရှိသဖြင့် ခွန်အားခြင်း အလွန် ကွာခြားသည်မှာ သေချာလှသည်။

တစ်ဖွဲ့လုံး မကျေနပ်သော စကားတစ်ခွန်းပင် မထွက်ရဲကြဘဲ အသည်းအသန် ထွက်ပြေးသွားကြလေသည်။

"ဝိုး ... လင်းချန်၊ ရှင်က အံ့ဩဖို့ ကောင်းတာပဲ၊ အစ်မရီဖေးကို ပြိုင်ဘက်ကင်းလို့ ကျွန်မ ထင်ထားတာ၊ ရှင်က ဒီလောက် တော်လိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး"

ချန်မိန်ကျားက ဟန်လုပ်ပြောဆို၍ ရဲ့လင်းချန်နားသို့ ပြေးကပ်လေသည်။

"ရှင်က သိုင်းပညာရှင် ဟုတ်တယ်မလား"

"အဲ့လောက်လည်း မဟုတ်ပါဘူး၊ သူတို့ နည်းနည်း အရိုက်ခံရဖို့ လိုနေရုံလေးပါ"

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

"လခွမ်း၊ မင်းရဲ့ အဲ့အကွက်က ရုပ်ရှင်ထဲက အကွက်တွေထက်တောင် အများကြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်၊ အစ်ကိုရဲ့ မင်းသာ အင်တာဗျူး သွားဖြေမယ်ဆိုရင် အဲ့အကွက်ကို ပြလိုက်ဖို့ပဲ လိုတာ၊ သေချာပေါက် အောင်မှာပဲ"

ချန်ချီချီက အကြံပေးသည်။

အင်တာဗျူးအကြောင်း ပြောကာမှ သူတို့အဖွဲ့သည် ချက်ချင်း စိတ်လှုပ်ရှားလာပြီး ရုပ်ရှင် ထုတ်လုပ်‌ရေး ကုမ္ပဏီသို့ လျှောက်လာကြသည်။

သူတို့ ဒုတိယထပ်သို့ ရောက်လာကြပြီး နေ့ခင်းပိုင်း၌ သူတို့ အင်တာဗျူး ဖြေရမည့်အလှည့်ကို စောင့်နေလိုက်သည်။

အင်တာဗျူးခန်းမထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားပြီး မတူခြားနားသော မျက်နှာအမူအရာများဖြင့် ပြန်ထွက်လာသည်ကို ကြည့်ပြီး ဟူရီဖေးနှင့် ကျန်လူများ စိုးရိမ်စိတ် ပိုတိုးလာကြသည်။

ကျုပ်က ပါရမီရှင် (Chapter 201-400)Where stories live. Discover now